DVB Logo
Home
မြန်မာသတင်း
ဆုန်သင်းပါရ်၏ FG Live Lounge အွန်လိုင်းဂီတဖျော်ဖြေပွဲ ဩဂုတ် ၈ ရက် ကျင်းပမည်
DVB
·
August 6, 2020
ဆုန်သင်းပါရ်၏ FG Live Lounge အွန်လိုင်းဂီတဖျော်ဖြေပွဲ ဩဂုတ် ၈ ရက် ကျင်းပမည်
Donate to DVB

နာမည်ကြီး အမျိုးသမီး အဆိုတော်တယောက်ဖြစ်တဲ့ ဆုန်သင်းပါရ်ရဲ့ FG Live Lounge အွန်လိုင်းဂီတဖျော်ဖြေပွဲကို လာမယ့် ဩဂုတ်လ ၈ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိ နေပါတယ်။

FG Live Lounge အမည်နဲ့ တေးဂီတ ဖျေိာ်ဖြေပွဲတွေကိုတော့ ပြီးခဲ့တဲ့ နှစ်က စတင်ကာ အပတ်စဉ်စနေနေ့တိုင်း နာမည်ကြီးတေးသံရှင်တွေနဲ့ ဖျော်ဖြေပွဲအဖြစ် ရန်ကုန်မြို့ ဝေဇယန္တာလမ်းမ ပေါ်က ရေကူးစတူဒီယိုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ အားပေးလက်ခံမှုတွေ ရရှိခဲ့တဲ့ ဖျော်ဖြေပွဲ ဖြစ်ခဲ့တာပါ။

အခုနှစ် Season 2 မှာတော့ ကိုဗစ်-၁၉ အန္တရာယ်ကြောင့်မို့ ပွဲကျင်းပဖို့ အဆင်မ ပြေတော့ပဲ အခပေးရုပ်သံလိုင်းတခုဖြစ်တဲ့  Canal+Gita ရုပ်သံလိုင်းကနေ ထုတ်လွှင့်တဲ့ ပုံစံပြောင်းလဲခဲ့ရတာ ဖြစ်ပါတယ်။

Season 2 ရဲ့ ပထမဆုံးသော ဖျော်ဖြေပွဲကိုတော့ ဂီတညီအစ်ကို ၂ ယောက်ဖြစ်တဲ့ ဂျေမောင်မောင်နဲ့ ဂျေညီညီတို့ရဲ့ ဖျော်ဖြေပွဲနဲ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ စတင်ခဲ့ပြီး ပြီးခဲ့ တဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ သာဒီးလူရဲ့ ဖျော်ဖြေပွဲကိုပြုလုပ်ခဲ့ကာ ဩဂုတ်လ ၁ ရက်နေ့မှာတော့ Wanted အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

       အသက် ၃၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဆုန်သင်းပါရ်ကိုတော့ အသံပါဝါအား ကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုလေ့ရှိတဲ့ အဆိုတော်တယောက်အနေနဲ့ ပရိသတ် တွေ သိကြပါတယ်။

ထင်ရှားတဲ့ သီချင်းပေါင်းများစွာကို ဆယ်စုနှစ်ချီ သီဆိုခဲ့တဲ့ ဆုန်သင်းပါရ်ရဲ့ သီချင်း တွေထဲမှာတော့ ‘ကမ္ဘာကြီးက ကျဉ်းတယ်ဆိုပေမယ့်’၊ ‘သခင်’၊ ‘အကြင်နာစစ်ရင်’၊ ‘ချယ်ရီမြို့’ စတဲ့သီချင်းတွေကတော့ နာမည်ကြီးပါတယ်။

လက်ရှိအချိန်ထိတော့ ဆုန်သင်းပါရ်ဟာ ကိုယ့်အကြောင်းနဲ့ကိုယ်”၊ “ဆက်ရန်”၊ “မင်းကို”၊ “သစ်”၊ “လိုရာဆု”စတဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ်တွေအပြင် အတွဲ သီချင်းခွေပေါင်း များစွာမှာလည်း ပါဝင်သီဆိုခဲ့ပြီး အောင်မြင်မှုရရှိထားခဲ့သူပါ။

လာမယ့် စနေနေ့ည ၉ နာရီတိတိမှာ ကျင်းပသွားမယ့် ဒီဖျော်ဖြေပွဲမှာရော သူက ဘယ်လိုသီချင်းကောင်းတွေနဲ့ တင်ဆက်သွားဦးမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013