DVB Logo
Home
မြန်မာသတင်း
ပန်းရောင်ခြယ်တို့ သားအဖ ၃ ဦးဖျော်ဖြေကြမည့် FG Live Lounge အွန်လိုင်းဂီတဖျော်ဖြေပွဲ 
DVB
·
September 3, 2020
ပန်းရောင်ခြယ်တို့ သားအဖ ၃ ဦးဖျော်ဖြေကြမည့် FG Live Lounge အွန်လိုင်းဂီတဖျော်ဖြေပွဲ 
Donate to DVB

အဆိုတော် ဂရေဟမ်၊ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ သားအဖ ၃ ယောက် အတူဖျော်ဖြေကြမယ့် FG Live Lounge အွန်လိုင်းဂီတ ဖျော်ဖြေပွဲကို လာမယ့် စက်တင်ဘာ ၅ ရက်နေ့ ကျင်းပသွားဖို့ ရှိနေပါတယ်။

FG Live Lounge အမည်နဲ့ တေးဂီတ ဖျော်ဖြေပွဲတွေကိုတော့ ပြီးခဲ့တဲ့နှစ်က စတင်ကာ အပတ်စဉ်စနေနေ့တိုင်း နာမည်ကြီးတေးသံရှင်တွေနဲ့ ဖျော်ဖြေပွဲအဖြစ် ရန်ကုန်မြို့ ဝေဇယန္တာလမ်းမပေါ်က ရေကူးစတူဒီယိုမှာ ပြုလုပ်ခဲ့တာပါ။

အခုနှစ် Season 2 မှာတော့ ကိုဗစ်-၁၉ အန္တရာယ်ကြောင့်မို့ ပွဲကျင်းပဖို့ အဆင်မပြေတော့ဘဲ အခပေးရုပ်သံလိုင်းတခုဖြစ်တဲ့  Canal+Gita ရုပ်သံလိုင်းကနေ ထုတ်လွှင့်တဲ့ ပုံစံပြောင်းလဲခဲ့ရတာ ဖြစ်ပါတယ်။

Season 2 ရဲ့ ပထမဆုံးသော ဖျော်ဖြေပွဲကိုတော့ ဂီတညီအစ်ကို ၂ ယောက်ဖြစ်တဲ့ ဂျေမောင်မောင်နဲ့ ဂျေညီညီတို့ရဲ့ ဖျော်ဖြေပွဲနဲ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ စတင်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ သာဒီးလူရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ကာ ဩဂုတ် ၁ ရက်နေ့မှာတော့ Wanted အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့တုန်းကတော့ အမျိုးသမီး တေးသံရှင် ဆုန်သင်းပါရ်ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပြီး ၁၅ ရက်နေ့ကတော့ အဆိုတော် စည်သူလွင်ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်နေ့တုန်းကတော့ လူငယ်အဆိုတော် ၂ ယောက်ဖြစ်ကြတဲ့ ဖြိုးပြည့်စုံနဲ့ အောင်ထက်တို့ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပြီး ၂၉ ရက်နေ့ကတော့ အဆိုတော် ဘိုဖြူရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့တာမို့ ခုတပတ်မှာတော့ သီတင်းပတ် ၈ ပတ်တိုင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

       တေးသံရှင် ဂရေဟမ်ကိုတော့ ပရိသတ်တွေကို အထူးမိတ်ဆက်ပေးဖို့ မလိုတော့ပါဘူး။ တောင်ကြီးမြို့ဇာတိဖြစ်တဲ့ ဂရေဟမ်ဟာ အသက် ၁၂ နှစ်လောက်ကတည်းက ဒရမ်တီးတတ်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာတော့ Super Star တေးဂီတအဖွဲ့ရဲ့ ဒရမ်သမားတယောက်အနေနဲ့ သူ့ရဲ့ ဂီတလမ်းကြောင်းကို စတင်ခဲ့တာ ဖြစ်ပါတယ်။

       အဲဒီနောက် အဆိုတော်တယောက်အနေနဲ့ ၁၉၉၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အလင်းတံခါး တေးအယ်လ်ဘမ်က ဂရေဟမ်ရဲ့ ပထမဆုံးတေးအယ်လ်ဘမ်ဖြစ်ခဲ့ကာ အဲဒီအယ်လ်ဘမ်ထဲက ထားခဲ့သီချင်းက ပရိသတ်တွေ သတိပြုမိခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ခဲ့တာပါ။

       နောက်ပိုင်းမှာတော့ တေးသံရှင် လေးလေးဝါးနဲ့ စုံတွဲသီဆိုထားတဲ့  ဂန္ထဝင်အချစ်နေ့၊ အမျိုးသမီးတေးသံရှင်တွေ အများစုနဲ့ စုံတွဲထွက်ရှိခဲ့တဲ့ ချစ်သူ့ဒိုင်ယာရီ တေး အယ်လ်ဘမ်တွေကတော့ သူ့ကို တေးသံရှင် ဂရေဟမ်ရယ်လို့ အားလုံးက လက်ခံအားပေးခဲ့ကြတဲ့ အရောင်းရဆုံး တေးအယ်လ်ဘမ်တွေ ဖြစ်လာခဲ့တာပါ။

       နောက်ပိုင်းမှာတော့ ရုပ်သံကြော်ငြာနောက်ခံတေးသီချင်းတွေများစွာမှာလည်း သီ ဆိုအောင်မြင်ခဲ့တဲ့ ဂရေဟမ်ဟာ တကိုယ်တော် တေးအယ်လ်ဘမ် ၁၁ ချပ်နဲ့ သင်္ကြန်တေး အယ်လ်ဘမ်တွေ၊ အုပ်စုလိုက်တေးအယ်လ်ဘမ်ပေါင်းများစွာမှာ သီဆိုအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

       အသက် ၂၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပန်းရောင်ခြယ်ကတော့ ဂရေဟမ်ရဲ့ ရင် သွေးမျိုးဆက်တယောက်ဖြစ်ပြီး ဂီတဘက်မှာရော၊ သရုပ်ဆောင် မော်ဒယ်တယောက် အနေနဲ့ပါ ထင်ရှားသူတယောက် ဖြစ်ပါတယ်။

    သီချင်းတွေကို ကိုယ်တိုင်လည်းရေး၊ ကိုယ်တိုင်သီဆိုလေ့ရှိတဲ့ ပန်းရောင်ခြယ်ဟာ ဖခင်ဖြစ်တဲ့ ဂရေဟမ်နဲ့အတူတွဲထွက်ရှိခဲ့တဲ့ Wake Up Daddy! (၂၀၁၅) တေးအယ်လ်ဘမ်နဲ့အတူ ပရိသတ်ချစ်ခင်အားပေးမှုတွေ ရရှိခဲ့တာဖြစ်ပြီး အခုနှစ်ထဲမှာလည်း Solo အမည်နဲ့ တကိုယ်တော် တေးအယ်လ်ဘမ် ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။

    သီချင်းတွေလည်း သီဆိုရင်း သရုပ်ဆောင်အနုပညာအလုပ်တွေပါ တွဲဖက်လုပ်ဆောင်နေတဲ့ ပန်းရောင်ခြယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကတော့ လိပ်ပြာရုပ်သံစီးရီးစ် ထဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ခုလာမယ့် ဂီတဖျော်ဖြေပွဲမှာတော့ ဖခင်ဂရေဟမ်နဲ့ ညီမဖြစ်တဲ့ ပန်းသွန်းခြယ်တို့နဲ့အတူ ဖျော်ဖြေသွားကြမှာ ဖြစ်ပါတယ်။

       အခုလာမယ့် စနေနေ့ည ၉ နာရီတိတိမှာ ကျင်းပသွားမယ့် ဒီဖျော်ဖြေပွဲမှာတော့ တိုက်ရိုက်လိုက်ဖ် တင်ဆက်မှုအသွင်နဲ့ သူတို့သားအဖ ၃ ယောက်ရဲ့ သီချင်းသီဆိုမှုတွေကို ပရိသတ်တွေက ခံစားနားဆင်ကြရတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013