DVB Logo
Home
မြန်မာသတင်း
အဆိုတော် ဘိုဖြူ၏ FG Live Lounge အွန်လိုင်းဂီတဖျော်ဖြေပွဲ ဩဂုတ် ၂၉ ကျင်းပမည်
DVB
·
August 25, 2020
အဆိုတော် ဘိုဖြူ၏ FG Live Lounge အွန်လိုင်းဂီတဖျော်ဖြေပွဲ ဩဂုတ် ၂၉ ကျင်းပမည်
Donate to DVB

အဆိုတော် ဘိုဖြူ တကိုယ်တော် ဖျော်ဖြေမယ့် FG Live Lounge အွန်လိုင်းဂီတ ဖျော်ဖြေပွဲကို လာမယ့် ဩဂုတ်လ ၂၉ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

FG Live Lounge အမည်နဲ့ တေးဂီတ ဖျော်ဖြေပွဲတွေကိုတော့ ပြီးခဲ့တဲ့နှစ်က စတင်ကာ အပတ်စဉ်စနေနေ့တိုင်း နာမည်ကြီးတေးသံရှင်တွေနဲ့ ဖျော်ဖြေပွဲအဖြစ် ရန်ကုန်မြို့ ဝေဇယန္တာ လမ်းမပေါ်က ရေကူးစတူဒီယိုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ အားပေးလက်ခံမှုတွေ ရရှိခဲ့တဲ့ ဖျော်ဖြေပွဲ ဖြစ်ခဲ့တာပါ။

အခုနှစ် Season 2 မှာတော့ ကိုဗစ်-၁၉ အန္တရာယ်ကြောင့်မို့ ပွဲကျင်းပဖို့ အဆင်မပြေတော့ဘဲ အခပေးရုပ်သံလိုင်းတခုဖြစ်တဲ့  Canal+Gita ရုပ်သံလိုင်းကနေ ထုတ်လွှင့်တဲ့ ပုံစံပြောင်းလဲခဲ့ရတာ ဖြစ်ပါတယ်။

Season 2 ရဲ့ ပထမဆုံးသော ဖျော်ဖြေပွဲကိုတော့ ဂီတညီအစ်ကို ၂ ယောက်ဖြစ်တဲ့ ဂျေမောင်မောင်နဲ့ ဂျေညီညီတို့ရဲ့ ဖျော်ဖြေပွဲနဲ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ စတင်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ သာဒီးလူရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ကာ ဩဂုတ်လ ၁ ရက်နေ့မှာတော့ Wanted အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့တုန်းကတော့ အမျိုးသမီး တေးသံရှင် ဆုန်သင်းပါရ်ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပြီး ၁၅ ရက်နေ့ကတော့ အဆိုတော် စည်သူလွင်ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့တုန်းကတော့ လူငယ်အဆိုတော် ၂ ယောက်ဖြစ်ကြတဲ့ ဖြိုးပြည့်စုံနဲ့ အောင်ထက်တို့ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့တာမို့ ခုတပတ်မှာတော့ သီတင်းပတ် ၇ ပတ်တိုင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ပီသပြီး ချိုကြည်တဲ့ အသံပိုင်ရှင် ဘိုဖြူရဲ့ သီချင်းတွေဟာ ပရိသတ်တွေ ပါးစပ်ဖျား ရေပန်းစားခဲ့ပြီး တကိုယ်တော်အနေနဲ့ရော၊ အတွဲသီချင်းအယ်လ်ဘမ်တွေပါ ထွက်ရှိခဲ့ကာ ပရိသတ်လက်ခံအားပေးမှု ရရှိထားခဲ့တဲ့ အဆိုတော်တယောက် ဖြစ်ပါတယ်။

‘ဘဝတဆစ်ချိုး’၊ ‘နံနက်ခင်းသစ်’ စတဲ့ တေးအယ်လ်ဘမ်တွေနဲ့အတူ အဆိုတော် မီမီဝင်းဖေနဲ့ စုံတွဲတေးအယ်လ်ဘမ် ‘လွန်ဆန်နိုင်မလားအချစ်’ စတဲ့ တေးအယ်လ်ဘမ်တွေဟာ ထင်ရှားပြီး တောင်ခြေရွာ၊ ချစ်လက်ဆောင်၊ လတ်တီး၊ ငယ်ချစ်၊ နှင်းဆီဝေးစတဲ့ သီချင်း တွေဟာလည်း ထင်ရှားတဲ့ သီချင်းတွေ ဖြစ်ပါတယ်။

အခုလာမယ့် စနေနေ့ည ၉ နာရီတိတိမှာ ကျင်းပသွားမယ့် ဒီဖျော်ဖြေပွဲမှာတော့ တိုက်ရိုက်လိုက်ဖ် တင်ဆက်မှုအသွင်နဲ့ ဘိုဖြူရဲ့ သီချင်းသီဆိုမှုတွေကို ပရိသတ်တွေက ခံစားနားဆင်ကြရတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013