DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၅၉၅ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊  ဆေးရုံဆင်းခွင့်ပြုခဲ့ပြီးသူ  ၂၈၉ ဦးရှိ
DVB
·
August 6, 2020
ဓာတ်ခွဲနမူနာ ၅၉၅ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊  ဆေးရုံဆင်းခွင့်ပြုခဲ့ပြီးသူ  ၂၈၉ ဦးရှိ
Donate to DVB

သြဂုတ် ၅ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)  က ဓာတ်ခွဲနမူနာ ၅၉၅ ခုကို စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ လူနာသစ် မတွေ့ရှိဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

မနေ့ညက ဓာတ်ခွဲနမူနာ ၉၆၇ ခုကို ပထမသုတ်အဖြစ် စစ်ဆေးပြီးခဲ့ရာမှာတော့ အိန္ဒိယနိုင်ငံက ပြန်လာတဲ့ အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အဆိုပါလူနာသစ်ကတော့ ချင်းပြည်နယ် တီးတိန်မြို့နယ်နေ အသက် ၁၉ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး တွန်းဇံမြို့နယ်မှာ  အသွားအလာစောင့်ကြပ်ခံထားရသူဖြစ်ပါတယ်။

ဩဂုတ် ၆ ရက် မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၃၅၇ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၀၅ ဦးပြီး ဒီအထဲက ၂၈၉ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုပြီးဖြစ်ပါတယ်။ 

ဩဂုတ် ၅ ရက် နေ့လယ်ပိုင်းအထိ စောင့်ကြည့်လူနာသစ် ၂၄ ဦးရှိတယ်လို့ သိရပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈.၉၅ သန်းကျော်၊ သေဆုံးသူ ၇၁၀၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၂ သန်းကျော်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013