DVB Logo
Home
မြန်မာသတင်း
အယုဒ္ဓယတွင် တရားမဝင် မြန်မာ ၆၀ ကျော် ဖမ်းဆီးခံရ 
DVB
·
July 15, 2026
Photo: MGROnline
Photo: MGROnline
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်ထဲမှာ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေနဲ့ အလုပ်သ မားတန်းလျားထဲက မြန်မာတွေ စုစုပေါင်း အယောက် ၆၀ ကျော် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။ 

ပထမဖြစ်စဉ်မှာ အယုဒ္ဓယခရိုင်၊ ဝမ်းနွဲ့မြို့နယ်၊ လမ်းဆိုင်းရပ်ကွက်အပိုင်းရှိ ဖဟွန်ယိုးထင်း အဝေးပြေးလမ်းမကြီးထဲ မောင်းဝင်လာတဲ့ အိမ်စီးကား ၃ စီးထဲကနေ တရားမဝင် မြန်မာ အယောက် ၂၀ နဲ့ ယာဉ်မောင်း ၃ ယောက်တို့ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က ဇူလိုင် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။ 

နယ်မြေထဲမှာ တရားမဝင် လုပ်သားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရတာကြောင့် အဝေးပြေးလမ်းလုံခြုံရေး ရဲတပ်ဖွဲ့၊ နယ်မြေခံ လဝက ရဲတပ်ဖွဲ့နဲ့ သဘာဝဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့က  တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ အဝေးပြေးလမ်းမကြီးပေါ်  စောင့်ကြပ်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီအချိန်မှာ တိုယိုတာ ဆလွန်းကား ၃ စီး ရှေ့ဆင့်နောက်ဆင့် မောင်းဝင်လာတယ်၊ ကားမှန်တွေကို စတစ်ကာအမည်းကပ်ထားပြီး  တန်ပိုအလေးချိန် တင်ဆောင်လာဟန်ရှိတာကြောင့် တာဝန်ရှိသူတွေက တားဆီးစစ်ဆေးတာမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ တင်ဆောင်လာတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ 

ပထမတစီးမှာ ထိုင်းနိုင်ငံသား နိုင်းဆူဖချိုင်း မောင်းနှင်ပြီး တရားမဝင် မြန်မာ ၇ ယောက် တင်ဆောင်လာတယ်၊ ဒုတိယတစီးမှာ မြန်မာနိုင်ငံသား ဟိန်းမောင်မောင် မောင်းနှင်ပြီး မြန်မာ ၈ ယောက်နဲ့ တတိယတစီးမှာ လင်းလင်းအောင် မောင်းနှင်ပြီး မြန်မာ ၅ ယောက်တို့ကို တင်ဆောင်လာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

သူတို့ကို ဆရပူရီခရိုင်ကနေ အယုဒ္ဓယမြို့ထဲ ပို့ပေးဖို့ ပွဲစားက တဦးလျှင် ဘတ် ၁,၅၀၀ နဲ့ ဆက်သွယ်လာတာကြောင့် တင်ဆောင်လာရတယ်၊ သူတို့မှာ အထောက်အထားမရှိမှန်းလည်း သိပါတယ်လို့ ယာဉ်မောင်း ၃ ယောက်က ဖွင့်ဟဝန်ခံခဲ့ပါတယ်။ 

ဖမ်းဆီးခံရသူတွေကလည်း သူတို့ဟာ ထိုင်းမှာ အလုပ်လာလုပ်ဖို့ မြန်မာဘက်ခြမ်းကနေ လှေစီးပြီး တောလမ်းကနေ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ဘက် ဝင်လာတယ်၊ အတွင်းပိုင်းဝင်ရောက်ဖို့  ပွဲစားကို တဦးလျှင် ဘတ် ၁၅,၀၀၀ မှ ၂၀,၀၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက ယာဉ်မောင်း ၃ ယောက်၊ ကား ၃ စီးနဲ့ တရားမဝင်မြန်မာ အယောက် ၂၀ တို့ကို လဝက ဥပဒေနဲ့ အရေးယူဖို့ ဝမ်းနွဲ့မြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

နောက်ဖြစ်စဉ်တခုမှာတော့ အယုဒ္ဓယခရိုင် အူထိုင်းမြို့နယ် နောင်နမ့်ဆုမ့်အုပ်စု ရပ်ကွက် ၄ ရှိ အလုပ်သမားတန်းလျားမှာ ပတ်ဝန်းကျင်အနှောင့်အယှက်ပေးတဲ့အထိ ဆူညံအသံပြုနေကြောင်း တိုင်တန်းချက်ရတာကြောင့် နယ်မြေလုံခြုံရေးတပ်ဖွဲ့၊ မြို့နယ်ရုံး၊ ရပ်ကျေးအုပ်ချုပ်ရေးနဲ့ ရပ်ရွာလုံခြုံရေး အရန်တပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဇူလိုင် ၁၅ ရက် မနက် ၆ နာရီက သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ 

အဆိုပါနေရာပါ ရွှေ့ပြောင်းလုပ်သားတွေ စုပြုံနေထိုင်ရာ ရပ်ကွက်ဖြစ်ပြီး လူပေါင်း ၈၀ ကျော်ရဲ့  အထောက်အထားတွေ စစ်ဆေးခဲ့ရာမှာ ၄၄ ယောက်က နေထိုင်ခွင့်ကတ် အလုပ်သမားမှတ်ပုံတင် အပြည့်အစုံရှိပြီး ကျန်တဲ့ ၄၁ ယောက် (အမျိုးသား ၂၈ ယောက်၊ အမျိုးသမီး ၁၃ ယောက်) က ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့် ဘာအထောက်အထားမှ မရှိတာကြောင့် နိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ အရေးယူဖို့  အူထိုင်းနယ်မြေရဲစခန်းကို ပို့ဆောင်ထားတယ်လို့   အယုဒ္ဓယခရိုင် လုံခြုံရေးကောင်စီလူမှုကွန်ရက်မှာ ဖော်ပြပါတယ်။ 

Source: MGROnline / အဝေးပြေးလမ်းရဲတပ်ဖွဲ့ / အယုဒ္ဓယခရိုင် လုံခြုံရေးကောင်စီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013