DVB Logo
Home
မြန်မာသတင်း
Yangon Water Bus လမ်းသစ်- ဆာပါချောင် ပြန်လည်ပြေးဆွဲ
DVB
·
August 1, 2020
Yangon Water Bus လမ်းသစ်- ဆာပါချောင် ပြန်လည်ပြေးဆွဲ
Donate to DVB

Yangon Water Bus လမ်းသစ်- ဆာပါချောင် လိုင်း(၁)ကို ဒီနေ့ ပြန်လည်ပြေးဆွဲလိုက်ပြီး ဖွင့်တဲ့အထိမ်းအမှတ်အ‌နေနဲ့ ပထမဆုံးနေ့မှာ ခရီးသည်တွေကို အခမဲ့စီးနင်းခွင့် ပြုလိုက်ပါတယ်။

နောက်‌နေ့‌တွေမှာတော့ Yangon water busကို အရင်ကစီးတဲ့နှုန်းအတိုင်း ကျပ် ၃၀၀ နှုန်း စီးနင်းရမှာဖြစ်ပြီး နောက်ပိုင်းမှာ smart phone နဲ့ ငွေပေးချေတဲ့စနစ်ကို လုပ်ဆောင်ဖို့ရှိပါတယ်။ 

Yangon Water Bus ကို မနက် ၆ နာရီကနေ ညနေရုံးဆင်းချိန်အထိ တနေ့ကို ၁၆ ခေါက်ကနေ အခေါက် ၂၀ အထိ ပြေးဆွဲဖို့ရှိတယ်လို့ Yangon water bus တာဝန်ရှိသူ ဒေါ်တင့်တင့်လွင်က ပြောပါတယ်။

ရေယာဉ်အနေနဲ့ ၈၅ ယောက်ဆံ့ပေမယ့် ကိုဗစ်ကျန်းမာရေး စည်းကမ်း social distancing အရ ၆၀ လောက်ပဲ စီးခွင့်ပြုမှာလို့ သိရပါတယ်။

“ကလေးတွေ ကျောင်းပို့ကျောင်းကြိုအနေနဲ့ water bus က အဆင်ပြေတယ်၊ မိုးနဲ့လေနဲ့ကျတော့” လို့ ခရီးသည်တဦးက ပြောပါတယ်။

အခုလောလောဆယ်မှာတော့ လိုင်း ၁ အနေနဲ့ ရန်ကုန်ဘက်ကမ်း လမ်းသစ်နဲ့ ဒလဘက်ကမ်း ဆာပါချောင်ကို စတင်ပြေးဆွဲ‌နေတာတာပါ။

လိုင်း ၁ နဲ့ လိုင်း ၃ ကို ရန်ကုန်ဘက်က ဗိုလ်တထောင်-ပန်းဆိုးတန်း နဲ့ ဒလဘက်က အံ့ကြီး-သမ္မတကို ပတ်ပြီး ပြေးဆွဲမှာပါ။ 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ Mask တပ်ထားသူတွေသာ စီးနင်းခွင့်ရမှာဖြစ်ပြီး ရေယာဉ်ပေါ် တက်ရောက်တဲ့ ဝင်ပေါက်မှာ‌တော့ အဖျားတိုင်းတာ‌တွေ လက်သန့်‌ဆေးနဲ့‌ ဆေးတာ‌တွေကို လုပ်ဆောင်မှာပါ။ 

Yangon water bus ကို ၂၀၁၉ စက်တင်ဘာလက စတင်ပြေးဆွဲရာကနေ ရပ်နားခဲ့ပြီး အခု တဖန် ပြန်လည်ပြေးဆွဲတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013