DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် NCA-EAOs အလုပ်အဖွဲ့အစည်းအဝေး ကျင်းပ
DVB
·
August 1, 2020
အစိုးရနှင့် NCA-EAOs အလုပ်အဖွဲ့အစည်းအဝေး ကျင်းပ
Donate to DVB

အစိုးရနဲ့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ အလုပ်အဖွဲ့အစည်းအဝေးကို ဩဂုတ် ၁ ရက်နေ့က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးဗဟိုဌာနမှာ ပြုလုပ်ခဲ့ပါတယ်။

အခုလို ဆွေးနွေးရတာဟာ ၈ ကြိမ်မြောက် JICM အစည်းအဝေးရဲ့ ဆုံးဖြတ်ချက် ၈ ချက်ရှိခဲ့တာကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေက တာဝန်ယူ ဆောင်ရွက်တာလို့ ဆိုပါတယ်။ 

၈ ကြိမ်မြောက် JICM အစည်းအဝေးအပြီးမှာ UPDJC နဲ့ JMC အစည်းအဝေးတွေကို ၂ လအတွင်း ဆောင်ရွက်ဖို့ သဘောတူထားပေမယ့် UPDJC အစည်းအဝေးကိုသာ ကျင်းပနိုင်ခဲ့ပြီး JMC-U အစည်းအဝေးကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းမှ ကျင်းပနိုင်ခဲ့တာပါ။ 

လက်ရှိအချိန်ထိ JMC-S အစည်းအဝေးကျင်းပနိုင်ခြင်းမရှိသေးဘဲ ဆက်လက်ညှိနှိုင်းနေတာလည်း ဖြစ်ပါတယ်။

NCA-EAOs ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက “ဒီနေ့ညှိနှိုင်းအစည်းအဝေးမှာ ၈ ကြိမ်မြောက် JICM ဆုံးဖြတ်ချက်အမှတ် ၁ ဖြစ်တဲ့ တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းအစည်းအဝေးနဲ့ JMC အစည်းအဝေးများအား အပြိုင်ကျင်းပသွား ရန်ဆိုတဲ့အပေါ် နှစ်ဦးနှစ်ဖက်ရဲ့ အမြင်သဘောထား၊ နားလည်မှုနဲ့ ချည်းကပ်မှု မတူညီတာတွေကို အကျေအလည် ပွင့်ပွင့်လင်းလင်းနဲ့ ညှိနှိုင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းတဲ့အခါ ကိုယ့်မူ သူ့မူ အခိုင်အမာကိုင်စွဲပြီး တစ်ဖက်ကိုတစ်ဖက် အကျပ်အတည်း ဖြစ်စေနိုင်တဲ့ ညှိနှိုင်းအဖြေရှာဖို့ ခက်ခဲစေနိုင်တဲ့ ဆွေးနွေးညှိနှိုင်းမှုမျိုးကို တတ်နိုင်သမျှ နှစ်ဖက်စလုံးက ရှောင်ရှားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။

အခုပြုလုပ်တဲ့ အစိုးရနဲ့ NCA-EAOs အလုပ်အဖွဲ့အစည်း ညှိနှိုင်းအစည်းအဝေးအတွင်းမှာ ညှိနှိုင်းဆွေးနွေးမှု ရလဒ်တွေပေါ်မှာ မူတည်ပြီး နောက်ထပ်ညှိနှိုင်းအစည်းအဝေးတစ်ခုကို လာမယ့်ရက်ပိုင်းအတွင်း ပြုလုပ်၊ မလုပ် ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013