DVB Logo
Home
မြန်မာသတင်း
ကွင်းကောက်တွင် ယာဉ်တိုက်မှုနှစ်ခုဖြစ်၊ တပ်မတော်သား ၂ ဦးအပါအဝင် ၃ ဦး သေဆုံး
DVB
·
August 1, 2020
ကွင်းကောက်တွင် ယာဉ်တိုက်မှုနှစ်ခုဖြစ်၊ တပ်မတော်သား ၂ ဦးအပါအဝင် ၃ ဦး သေဆုံး
Donate to DVB

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့မှာ မနေ့က ဆိုင်ကယ်နဲ့ ကားတိုက်မှု ၂ ခုဖြစ်ခဲ့ပြီး တပ်မတော်သား ၂ ယောက်အပါအဝင် ၃ ယောက် သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၃၁ ရက် ည ၈ နာရီခွဲလောက်က ဟင်္သာတ-ကွင်းကောက်ကားလမ်း၊ ကျီးကြီးရွာနဲ့ သုံးကွင်းဆိုင်ရွာကြားမှာ အမှတ် ၅ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းက တပ်ကြပ်ကြီးစာရေး ၂ ယောက်ဟာ ဟင်္သာတမြို့ဘက်ကနေ ဆိုင်ကယ်နဲ့ မောင်းနှင်လာတာမှာ ကားတစီးနဲ့ တိုက်မိခဲ့ပါတယ်။

တပ်ကြပ်ကြီးစာရေး ဝေဇင်ထွဋ်ကတော့ ခေါင်းမှာ ဒဏ်ရာအပြင်းအထန်ရခဲ့လို့ နေရာမှာပဲ သေဆုံးခဲ့ပြီး တပ်ကြပ်ကြီးစာရေး ထူးထူးဇော်က ခြေထောက်နဲ့ ခါးရိုးကျိုး၊ ခေါင်းမှာ ဒဏ်ရာတွေရလို့ ခရိုင်ဆေးရုံကြီးကို ပို့ခဲ့ပေမယ့် စစ်ဆေးနေတုန်း ည ၁၁ နာရီလောက်မှာ သေဆုံးခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ တိုက်မိခဲ့တဲ့ကားကိုတော့ မသိရသေးဘဲ ဆိုင်ကယ်မောင်းနှင်သူ တပ်ကြပ်ကြီးစာရေး ဝေဇင်ထွဋ်ကို ကွင်းကောက်နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

မနေ့ မနက်ပိုင်းမှာပဲ ကျောက်တွေတင်ပြီး ကွင်းကောက်ကနေ ပုသိမ်ဘက်ကို မောင်းလာတဲ့ ကားတစီးနဲ့ ဆိုင်ကယ်တစီး တိုက်မိလို့ လူတယောက် သေဆုံးခဲ့ပါသေးတယ်။

ကွင်းကောက်မြို့၊ နယ်မြေရဲစခန်း ရဲအုပ်ခင်မောင်စိုးက “ဟုတ်ပါတယ်။ ကျနော်တို့ တိုက်သွားတဲ့ကားက သူကိုတော့ ဖမ်းထားပါတယ်။ နှစ်ဖက်စလုံး တရားစွဲရမယ်လေ။ စွဲမယ့်ပုဒ်မကတော့ ၃၀၄ -(က)/၃၃၈ ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးနဲ့ ယာဉ်မဆင်မခြင် မောင်းတဲ့အမှုတွေနဲ့ အမှုဖွင့်ပြီး ရဲလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013