DVB Logo
Home
မြန်မာသတင်း
ဂျော်ဒန်၊ စင်ကာပူနှင့် ဗီယက်နမ်တို့တွင် အခက်အခဲကြုံနေသည့် မြန်မာ ၃၅၈ ဦးကို ပြန်ခေါ်
DVB
·
July 31, 2020
ဂျော်ဒန်၊ စင်ကာပူနှင့် ဗီယက်နမ်တို့တွင် အခက်အခဲကြုံနေသည့် မြန်မာ ၃၅၈ ဦးကို ပြန်ခေါ်
Donate to DVB

ဂျော်ဒန်၊ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ အခက်အခဲကြုံ‌တွေ့နေရတဲ့ မြန်မာနိုင်ငံသား ၃၅၈ ယောက်ကို  ကယ်ဆယ်ရေးလေယာဉ်နဲ့ မနေ့က ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကာလ ဂျော်ဒန်နိုင်ငံမှာ လေကြောင်းလိုင်းပြေးဆွဲတာ ယာယီရပ်ဆိုင်းထားတာကြောင့် အခက်အခဲကြုံတွေ့နေရတဲ့ Sidney Apparel ကုမ္ပဏီက မြန်မာနိုင်ငံသား ၃ ဦး၊ Camel and Vega ကုမ္ပဏီက ၁၁၈ ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား ၁၂၁ ဦး မြန်မာ့လေကြောင်း MAI နဲ့ ဇူလိုင် ၃၀ ရက်နေ့ ၁၄:၃၀ နာရီက ပြန်လည်ခေါ်ဆောင်ခဲ့တာပါ၊

အလားတူ စင်ကာပူနိုင်ငံမှာ အခက်အခဲ ကြုံနေတဲ့ မြန်မာနိုင်ငံသား ၁၅၅ ဦးနဲ့ ဗီယက်နမ်နိုင်ငံက မြန်မာနိုင်ငံသား ၈၂ ဦးတို့ကိုလည်း ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဇူလိုင် ၃၀ ရက်နေ့ မွန်းတည့်ပိုင်းမှာ ပြန်လည် ရောက်ရှိခဲ့ကြပါတယ်။

ပြန်ရောက်လာသူတွေကို ကျန်းမာရေးစိစစ်ရေးပြီး ၂၁ ရက်တာ အသွား အလာ ကန့်သတ်နေထိုင်ရေး စီစဉ်ပေးသွားမယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကာလ ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည် ခေါ်ဆောင်ခဲ့တာ စုစုပေါင်း ၉၃၇၃ ယောက်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013