DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၈၄၇ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ စောင့်ကြည့်လူနာသစ် ၂၀ ရှိ
DVB
·
July 31, 2020
ဓာတ်ခွဲနမူနာ ၈၄၇ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ စောင့်ကြည့်လူနာသစ် ၂၀ ရှိ
Donate to DVB

ဓာတ်ခွဲနမူနာ ၈၄၇ ခုအား နှစ်သုတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် မတွေ့ရှိဘဲ စောင့်ကြည့်လူနာသစ် ၂၀ ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၃၅၇ ခု၊   ဆေးသုတေသနဦးစီးဌာနက ၁၂၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၉၂ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၂၇၃ ခု၊ စုစုပေါင်း (၈၄၇) ခုအား စစ်ဆေးခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၅၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၉၅ ဦးထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၈၀ နဲ့ စောင့်ကြည့်လူနာအသစ် အယောက် ၂၀ ရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၆၇၆၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၀ ဒသမ ၉ သန်းကျော်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013