DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကိုယ်စားလှယ်လောင်း ၆၈ ဦး ရွေးကောက်ပွဲဝင်မည်
DVB
·
July 30, 2020
ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကိုယ်စားလှယ်လောင်း ၆၈ ဦး ရွေးကောက်ပွဲဝင်မည်
Donate to DVB

ကချင်ပြည်နယ်အခြေစိုက် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ ၆၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ဒီဗွီဘီကို ပြောပါတယ်။

ကချင်ပြည်နယ်လွှတ်တော် အမတ်နေရာ ၃၆ နေရာ၊ ပြည်သူ့လွှတ်တော် ၁၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

“အားလုံး ၆၈ နေရာပေါ့။ ရေးရာဝန်ကြီးနေရာအားလုံး ပေါင်းရင်တော့ ၇၀ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ ရေးရာဝန်ကြီးက ၂ နေရာမှာပဲ ဝင်ပြိုင်မယ်။ ရှမ်းရေးရာဝန်ကြီးနဲ့ ဗမာရေးရာဝန်ကြီးဝင်ပြိုင်မှာပါ။ ”လို့ ဒေါက်တာ တူးဂျာက ပြောပါတယ်။

ကချင်ပြည်နယ်ပြည်သူ့ပါတီရဲ့ အဓိကပြိုင်ဘက်ကတော့  အန်အယ်လ်ဒီပါတီနဲ့ ကြံ့ခိုင်ရေးပါတီဖြစ်နေပေမယ့် ပြည်နယ်အကျိုးပြုမယ့်ပါတီအနေနဲ့ အလားအလာကောင်းတယ်လို့ ပြောပါတယ်။

“အခြေအနေကတော့ အရင်ကနဲ့တော့ မတူတော့ဘူး။ ၂၀၁၀၊ ၂၀၁၅ နဲ့ မတူဘူး။ လူထုရဲ့သဘောထားခံယူချက် အမြင်သဘောထားတွေကို အသံတွေကို နားထောင်ကြည့်ခြင်းအားဖြင့်တော့ အန်ကယ်တို့လို့ ပြည်နယ်အကျိုးပြု၊ ပြည်နယ်အတွက် အဓိက ထားလုပ်ဆောင်မယ့်ပြည်နယ်ပါတီတွေကို ပိုပြီးအာရုံစိုက်လာနေကြတယ်။ မဲဆန္ဒရှင်တွေက။ အဲဒါကြောင့်မို့လို့ အန်ကယ်တို့လည်း အလားအလာကောင်းတယ်လို့လည်း ပြောလို့ရပါတယ်။ ”

ဒေါက်တာ မရမ်တူးဂျာအနေနဲ့ အင်ဂျန်းယန်မြိုနယ် မဲဆနန္ဒနယ် အမှတ် (၂) ကနေ ကချင် ပြည်နယ်လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

တိုင်းရင်းသားပါတီတခုအနေနဲ့ ပြည်နယ်မှာ ရာနှုန်းပြည့်အနိုင်ရမယ်ဆိုရင် လွှတ်တော်ကို ထိန်းချုပ်လို့ရနိုင်မှာဖြစ်တယ်လို့လည်း ဒေါက်တာတူးဂျာက ပြောပါတယ်။

“အဲဒါကတော့ ၂၀၀၈ ဖွဲ့စည်းပုံ  ပုဒ်မ ၂၆၁ (ခ) မပြင်နိုင်သေးတဲ့အတွက်ကြောင့်မို့ အစိုးရကိုဦးဆောင်ပြီး ဖွဲ့စည်းဖို့၊ ဝန်ကြီးချုပ်ခန့်လို့တော့ မရဘူးပေါ့နော်။ ဒါပေမဲ့ လွှတ်တော်ကို ကိုင်ထားလို့ရမယ်။ Control လုပ်လို့ရမယ်ဗျာ။ ပြီးလို့ရှိရင် ဖွဲ့စည်းလာတဲ့အစိုးရအနေနဲ့ chack and balance  ပိုပြီးလုပ်လို့ရမယ်။ နောက်တခုက ဖွဲ့စည်းလာတဲ့အစိုးရနဲ့ညှိနှိုင်းပြီတော့မှ ပူးပေါင်း ဆောင်ရွက်တဲ့အနေအထားလည်း ဖြစ်လာနိုင်တာပေါ့ဗျာ။”

ကချင်ပြည်နယ်ပြည်သူ့ပါတီကို  ကချင်ပါတီ ၃ ခုဖြစ်တဲ့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်ရေးနဲ့မိုကရေစီပါတီကချင်ပြည်နယ်တို့ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013