
မိုးရာသီကို ဖြစ်စေတဲ့ အနောက်တောင်မုတ်သုံဟာ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်းနဲ့ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသတွေကနေ အောက်တိုဘာ ၂ ရက်မှာ ဆုတ်ခွာခဲ့ပြီလို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
မုတ်သုံလေဟာ စက်တင်ဘာ ၁၅ ရက်မှာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၊ စက်တင်ဘာ ၂၅ ရက်မှာ အလယ်ပိုင်းဒေသတို့ကနေ ဆုတ်ခွာခဲ့ပြီး လက်ရှိမှာတော့ ရေကြီး မြေပြိုခဲ့တဲ့ မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီဒေသမှာပဲ ကျန်တော့တာပါ။
ဒီနှစ်အတွက် မုတ်သုံလေဟာ မေ ၁၆ ရက်မှာ မြန်မာနိုင်ငံတောင်ပိုင်းကို စတင်ဝင်ရောက်ခဲ့ပြီး မေ ၂၃ မှာ မြစ်ဝကျွန်းပေါ်ဒေသ၊ ၂၈ ရက်မှာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ဇွန် ၄ ရက်မှာ တနိုင်ငံလုံးကို ဝင်ရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကတော့ မေ ၁၃ ရက်မှာ မြန်မာနိုင်ငံ တောင်ပိုင်း၊ ၂၅ ရက်မှာ တနိုင်ငံလုံးကို ဝင်ရောက်ခဲ့ပြီး စက်တင်ဘာ ၂၂ ရက်မှာ မြန်မာနိုင်ငံ မြောက်ပိုင်းကနေ စတင်ဆုတ်ခွာ၊ အောက်တိုဘာ ၁၆ ရက်မှာ တနိုင်ငံလုံးကနေ ဆုတ်ခွာခဲ့ပါတယ်။










