DVB Logo
Home
မြန်မာသတင်း
မလေးရှားပြန် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁ ဦးထပ်တွေ့
DVB
·
July 29, 2020
မလေးရှားပြန် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁ ဦးထပ်တွေ့
Donate to DVB

မလေးရှားနိုင်ငံက ပြန်လာတဲ့ ကိုဗစ်-၁၉ လူနာသစ် ၁ ဦးထပ်တွေ့ရပြီး မြန်မာနိုင်ငံ တဝန်းမှာ အတည်ပြုလူနာပေါင်း ၃၅၁ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ မနက် ထုတ်ပြန်ချက်အရ သိရပါတယ်။

မလေးရှားပြန် အဆိုပါလူနာသစ်ဟာ  ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နေ  အသက် ၃၁ နှစ်အရွယ်  အမျိုးသားတစ်ဦးဖြစ်ပါတယ်။  ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အသွားအလာ ကန့်သတ်စောင့်ကြပ်ခံထားရ သူဖြစ်ပြီး မော်လမြိုင်ဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူရဖို့ရှိပါတယ်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၂၆၆)ခု အား စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် တစ်ဦး ထပ်မံတွေ့ရှိရတာပါ။

ဇူလိုင် ၂၈ ရက်ညက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၁၇)ခု၊  ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၆၇) ခု၊  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၈၂) ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၅၂) ခု၊ စုစုပေါင်း (၉၁၈)ခုကို မနေ့ညက စစ်ဆေးပြီးစီးခဲ့ရာမှာတော့ လူနာသစ် မတွေ့ရှိပါဘူး။

 မြန်မာနိုင်ငံမှာ ဇူလိုင် ၂၉ ရက်မနက် ၈ နာရီအထိ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၃၅၁ ဦး၊ သေဆုံးသူ ၆ ဦ၊ ရောဂါပိုးကင်းစင်လာသူ  ၂၉၃ ဦးရှိပြီး ဒီအထဲက  ၂၇၈ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုပြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013