DVB Logo
Home
မြန်မာသတင်း
ထိုင်းနှင့် မလေးရှားက ပြန်လာသူ ၁၅၀ ကျော် quarantine ရက်ပြည့်၍ နေရပ်ပြန်
DVB
·
July 9, 2020
ထိုင်းနှင့် မလေးရှားက ပြန်လာသူ ၁၅၀ ကျော် quarantine ရက်ပြည့်၍ နေရပ်ပြန်
Donate to DVB

ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံက ပြန်လာသူ ၁၅၀ ကျော် quarantine ရက်ပြည့်လို့ ရန်ကုန်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့အကူညီနဲ့ နေရပ်ပြန်ကြပြီလို့ သိရပါတယ်။

လိူင်သာယာ နည်းပညာတက္ကသိုလ်ရဲ့ ပုဂံဆောင်နဲ့ အမရာဆောင်တွေမှာ quarantine ဝင်နေတဲ့ ထိုင်းနဲ့မလေးရှားကပြန်လာသူ ၁၅၂ ဦး ဇူလိုင် ၉ ရက်နေ့မနက်ပိုင်းက နေရပ်ပြန်ခဲ့ကြတာလို့ ရန်ကုန်တိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့(YRO) ဒုဥက္ကဋ္ဌ ဦးမိုးငြိမ်က ပြောပါတယ်။

သူတို့ဟာ စုစုပေါင် quarantine  ၂၁ ရက်နေထိုင်ခဲ့ရပြီး ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိကို ၂ ကြိမ်တိုင်စစ်ဆေးပြီးနောက် ရောဂါပိုးမတွေ့ရတာကြောင့် နေရပ်ပြန်ခွင့်ရတာလို့ ဆိုပါတယ်။

မလေးရှားက ပြန်လာတဲ့ မဇာဇာစိုးက “quarantine ဝင်လိုက်တော့ ကိုယ့်မှာ ရောဂါရှိမရှိ သိရတာပေါ့၊ ကိုယ်လည်း စိတ်ရှင်းတယ်၊ မိသားစုနဲ့ ပတ်ဝန်းကျင်လည်း အခက်အခဲမရှိဘူးပေါ့၊ မဝင်ဘဲနဲ့သွားရင် ကိုယ့်မှာရှိလားမရှိလား သံသယစိတ်နဲ့ နေနေရမှာပေါ့။ ဝင်လိုက်တော့ ကိုယ့်မှာမရှိတော့ သွားရဲလာရဲဖြစ်တယ်၊ မိသားစုနဲ့ဆက်ဆံတဲ့အခါမှာလည်း နွေးနွေးထွေးထွေး ဆက်ဆံလို့ရတယ်။” လို့ ပြောပါတယ်။

သူတို့ကို ရန်ကုန်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ကားအစီး ၅၀ လောက်နဲ့ ပြန်လိုတဲ့နေ ရာအသီးသီးရဲ့ အနီးစပ်ဆုံး ကားဂိတ်လမ်းကြောင်းတွေကို ပြန်ပို့ပေးခဲ့တာပါ။

ရန်ကုန်လူမှုကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ quarantine ရက်ပြည့်ပြီး  နေရပ်ပြန်လည်ပို့ဆောင်ပေးတာ အကြိမ်၂၀ အထက်ရှိပြီလို့ သိရပါတယ်။

သတင်း - ဇာခြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013