DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၂၅၃ ခု စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် မတွေ့
DVB
·
July 27, 2020
ဓာတ်ခွဲနမူနာ ၂၅၃ ခု စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် မတွေ့
Donate to DVB

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဒုတိယသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၂၅၃ ခု အား စစ်ဆေးရာ ကိုဗစ်-၁၉ လူနာသစ်မတွေ့ဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက်ထုတ်ပြန်ပါတယ်။

မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၈၆၈ ခု စစ်ဆေးရမှာတော့ အမေရိကန်နိုင်ငံက ပြန်လာတဲ့ ဖျာပုံမြို့နယ်နေ အသက် ၅၀ အရွယ် အမျိုးသားတဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ည ၈ နာရီ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ အတည်ပြုလူနာ ၃၅၀ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၉၀ ဦး၊ အဲဒီထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၇၂ ဦးနဲ့  စောင့်ကြည့်လူနာအသစ် ၁၂ ဦးရှိပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၆၅၂၀၀၀ ကျော်နဲ့ ရောဂါပိုး ကင်းစင်လာသူ ၁၀ သန်းကျော် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013