DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်
DVB
·
July 26, 2020
မောင်တောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအား အရှိန်အဟုန်မြှင့်လုပ်ဆောင်နေပြီး Mask မတပ်တဲ့သူတွေကို မြို့တွင်း ပေးမဝင်တော့ဘူးလို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မောင်တောမြို့မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မောင်တောမြို့တွင်းဝင်လာတဲ့ နေရာ ၃ ခုကနေ ဝင်လာသူတွေကို ဇူလိုင် ၂၁ ရက်ကနေ ဇူလိုင် ၂၃ ရက်နေအထိ Mask တွေ အခမဲ့ဖြန့်ဝေပေးခဲ့ပြီးနောက် ဇူလိုင် ၂၄ ရက်နေ့ကစတင်ပြီး Mask မတတ်တဲ့သူတွေ မြို့တွင်းဝင်ခွင့်မပြုတော့ဘူးလို့ မောင်တောမြို့ကို အသစ်တာဝန်ကျလာတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲက DVB ကို ပြောပါတယ်။

မြို့ဝင်ပေါက်တွေဖြစ်တဲ့ ရွှေးစားဝင်ပေါက်၊ မြို့ဝင်ပေါက်၊ ပန်းတောပြင်ဝင်ပေါက်တွေမှာ Mask မတပ် မဝင်ရ အမိန့်ထုတ်ပြန်ထားသလို မြို့ပေါ်စျေးနဲ့ လူစည်ကားတဲ့ နယ်စျေးတွေမှာလည်း Mask မတပ်ဘဲ မဝင်ရ အမိန့်ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

မောင်တောခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်တွေကို ပြည်သူတွေ လိုက်နာမှုအားနည်းနေတာကြောင့် အခုလို စည်းကမ်းသတ်မှတ်ပြီး ရောဂါကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတာလို့ ကိုဗစ်ရောဂါ ကာကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကော်မတီက ပြောပါတယ်။

မောင်တောခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက “ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်ထဲမှာ အဓိကကတော့ ပြည်သူပါ၊ ပြည်သူ ပူးပေါင်းပါဝင်ဖို့ အဓိကကျပါတယ်။ ပြည်သူတွေက ဒီလူက ဘင်္ဂလားက ဘယ်နေ့ကပြန်လာတယ်။ ဘယ်မှာနေတယ်ဆိုတာကို သတင်းပေးနိုင်မှ ကျမတို့ သိရှိမှာ ဖြစ်ပါတယ်။ ဒါမှသာ ကိုဗစ်ကို ကောင်းကောင်းထိန်းချုပ်နိုင်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

မောင်တောခရိုင်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ပြန်လည် ဝင်ရောက်လာသူတွေထဲက ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူ ဘူးသီးတောင်မြို့က ၄ ဦး၊ မောင်တောမြို့က ၈ ဦး၊ စုစုပေါင်း ၁၂ ဦးအထိရှိနေပြီး တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်ပို့ပြန်လာတဲ့ စက်လှေသမား သမား ၃ ဦးလည်း ရောဂါပိုးတွေ့ရှိထားပါတယ်။

လက်ရှိ မောင်တောမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တဖက်နိုင်ငံမှ တရားမဝင်ပြန်လာသူတွေကို အရေးယူပေးဖို့ လ.ဝ.က ကို ညွှန်ကြားထားတာတွေရှိသလို လက်ခံတဲ့ မိသားစုဝင်တွေကိုပါ အရေးယူပေးဖို့ ​​ဆောင်ရွက်ထားတာတွေ ရှိပါတယ်။

တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင်ပြန်လာသူတွေနဲ့ အားပေးကူညီသူ စုစုပေါင်း ၇၈ ဦးကိုလည်း မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်သွယ်မှုပြုနေတဲ့ မောင်တောမြို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေကိုလည်း ပြီးခဲ့တဲ့ ဇူလိုင် လ ၃ ရက်နေ့ကစပြီး ပြည်နယ် အစိုးရအဖွဲ့ရဲ့အမိန့်နဲ့ အကန့်သတ်မရှိ ယာယီရပ်နားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013