DVB Logo
Home
မြန်မာသတင်း
အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂ ဦးထပ်တိုး
DVB
·
July 25, 2020
အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂ ဦးထပ်တိုး
Donate to DVB

ဒီနေ့အတွက် ဓာတ်ခွဲနမူနာ ၁၁၀၀ ကျော်ကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ယောက် တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လူနာတွေကတော့ အမေရိကန်က ပြန်လာသူ ရန်ကုန်၊ ရန်ကင်းမြို့နယ်နေ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးနဲ့ ဘင်္ဂလားဒေ့ရှ်က ပြန်လာသူ မောင်တောမြို့နေ အသက် ၃၆ နှစ်အရွယ် အမျိုးသားတို့ ဖြစ်ပါတယ်။

ဒါကြောင့် ဒီည ၈ နာရီအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄၈ ယောက် ရှိလာပြီး သေဆုံးသူကတော့ ထပ်မတိုးဘဲ ၆ ယောက်ပဲ ရှိပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှာ ဓာတ်ခွဲနမူနာ ၆၄၈ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှာ ဓာတ်ခွဲနမူနာ အခု ၁၈၀၊  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှာ ဓာတ်ခွဲနမူနာ ၉၇ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှာ ဓာတ်ခွဲနမူနာ ၂၅၆ ခု၊ စုစုပေါင်း ၁,၁၈၁ ခုကို စစ်ဆေးပြီးစီးခဲ့တာပါ။

ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေကို စစ်ဆေးရာမှာတော့ ၂ ကြိမ်ဆက် ပိုးမတွေ့သူ ၂ ယောက် (Case- 212 နဲ့ 318) ရှိတာကြောင့် ဒီနေ့အထိ ပိုးကင်းစင်လာသူ ၂၈၈ ယောက် ရှိပါတယ်။

ဒီထဲက ၂၆၉ ယောက်ကိုတော့ ဆေးရုံက ဆင်းခွင့်ပြုထားပြီး သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ် စောင့်ကြည့်နေပါတယ်။

မနေ့က နေ့လယ်ကနေ ဒီနေ့ နေ့လယ်အထိ စောင့်ကြည့်လူနာသစ်ကတော့ အယောက် ၂၀ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013