DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာအမှတ် ၂၉၃ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်း
DVB
·
July 25, 2020
ကိုဗစ်-၁၉ လူနာအမှတ် ၂၉၃ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်း
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်က ကိုဗစ်-၁၉ လူနာအမှတ် ၂၉၃ အား ဒုတိယအကြိမ် နဲ့ တတိယအကြိမ် စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိတော့တဲ့အတွက် ဇူလိုင် ၂၄ ရက်နေ့ ညနေမှာ မောင်တောပြည်သူ့ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက “လူနာအမှတ် ၂၉၃ ကို ဒုတိယအကြိမ်နဲ့တတိယအကြိမ် စစ်တာ ၂ ကြိမ်ဆက်တိုက် Negative ဖြစ်တဲ့အတွက် မနေ့ကပဲ ဆေးရုံဆင်းခွင့်ပြုလိုက်တယ်။ လှဖိုးခေါင်မှာ Quarantine ၇ ရက် ထားရှိစောင့်ကြည့်သွားရပါဦးမယ်” လို့​ DVB ကို ပြောပါတယ်။

အသက်၂၂ နှစ်အရွယ် လူနာအမှတ် ၂၉၃ မှာ ဘူးသီးတောင်မြို့နယ်- သရကုန်မနူကျေးရွာနေသူ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့​ပြီး ရောဂါကူးစက်လာခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ သံတွဲမှာ ၁ ဦး၊ တောင်ကုတ်နဲ့ စစ်တွေမှာ ၁ ဦးစီ၊ ဘူးသီးတောင် ၄ ဦး၊ မောင်တော ၇ ဦး၊ ကျောက်တော် ၁ ဦး စုစုပေါင်း ၁၅ ဦးရှိတဲ့ထဲက ၁၂ ဦး ရောဂါပျောက်ကင်ပြီး ဆေးရုံမှဆင်းခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။

မောင်တောခရိုင်ပြည်သူ့ဆေးရုံမှာ ၂  ဦးနဲ့ ကျောက်တော်မြို့က ပြည်တွင်းကူစက်ခံရသူ လူ နာကိုတော့ စစ်တွေဆေးရုံမှာ ဆေးကုသပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013