DVB Logo
Home
မြန်မာသတင်း
အိန္ဒိယနှင့် ထိုင်းပြန် ၃ ဦးတွင် ကိုဗစ်-၁၉ တွေ့ရှိ၊ နိုင်ငံတဝန်း အတည်ပြုလူနာပေါင်း ၃၄၆ ဦးရှိလာ
DVB
·
July 24, 2020
အိန္ဒိယနှင့် ထိုင်းပြန် ၃ ဦးတွင် ကိုဗစ်-၁၉ တွေ့ရှိ၊ နိုင်ငံတဝန်း အတည်ပြုလူနာပေါင်း ၃၄၆ ဦးရှိလာ
Donate to DVB

အိန္ဒိယနိုင်ငံနဲ့ ထိုင်းနိုင်ငံက ပြန်လာသူ ၃ ဦးမှာ ကိုဗစ်-၁၉ ရောဂါ ထပ်မံစစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံတဝန်းမှာ အတည်ပြုလူနာပေါင်း ၃၄၆ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

လူနာသစ် ၃ ဦးကတော့ အိန္ဒိယနိုင်ငံက ပြန်လာတဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်က အမျိုးသား ၂ ဦးနဲ့ ထိုင်းနိုင်ငံက ပြန်လာတဲ့ ကရင်ပြည်နယ် မြဝတီမြို့နေ အသက် ၃၂ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ဖြစ်ကြပြီး အသွားအလာကန့်သတ် စောင့်ကြပ်ခံထားရသူတွေဖြစ်ပါတယ်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၈၇၄ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၅၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၁၉၇ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ ၃ခု စုစုပေါင်း ၁,၃၂၉ ခုကို ဒီကနေ့ညနေ  စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၃ ဦးတွေ့ရှိတာပါ။

ဇူလိုင် ၂၄ ရက် ည  ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ပေါင်း ၃၄၆ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၂၈၆ ဦးနဲ့ ဒီအထဲက ၂၆၉ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013