DVB Logo
Home
မြန်မာသတင်း
‘ဝ’ အမျိုးသားပါတီ ကိုယ်စားလှယ်လောင်း ၂၅ ဦးခန့် ရွေးကောက်ပွဲဝင်ပြိုင်မည်
DVB
·
July 23, 2020
‘ဝ’ အမျိုးသားပါတီ ကိုယ်စားလှယ်လောင်း ၂၅ ဦးခန့် ရွေးကောက်ပွဲဝင်ပြိုင်မည်
Donate to DVB

‘ဝ’ တိုင်းရင်းသားကိုယ်စားပြုပါတီ သုံးပါတီ ပေါင်းစည်းထားတဲ့ ‘ဝ’ အမျိုးသားပါတီဟာ ၂၀၂၀ နိုဝင်ဘာလကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၂၅ ဦး ခန့်လောက် ပါဝင်ယှဉ်ပြိုင်အရွေးခံဖို့ရှိနေပါတယ်။ 

ကိုယ်စားလှယ်လောင်းတွေရွေးချယ်ရာမှာ  ‘ဝ’ လူမျိုးရယ်မှမဟုတ်ဘဲ ‘ဝ’ ဒေသမှာ မွေးဖွားကြီးပြင်းလာပြီး ဒေသဓလေ့ထုံးစံ၊ ဘာသာစကားတွေနဲ့ အကျွမ်းတဝင်ရှိသူ ပညာတတ်လူငယ်တွေ၊ ရပ်ရွာအကျိုး ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံရှိသူတွေကို ဦးစားပေး ရွေးချယ်ထားတယ်လို့  ‘ဝ’ အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ်က ဒီဗွီဘီကို ပြောပါတယ်။ 

“ကိုယ်စားလှယ်တွေတော့ကျနော်တို့ လျာထားပြီးသား၊ အဆိုပြုလွှာတွေ လက်ခံထားပြီးသား ဖြစ်ပါတယ်။ လွှတ်တော် သုံးရပ်စလုံးမှာပြိုင်ဖို့ အားလုံး ၂၅ ယောက်လောက်ရှိမယ်။ ဒီရက်ပိုင်းမှာ အတည်ပြုဖို့ အစည်းအဝေးရှိလိမ့်မယ်။  ဘယ်လိုရွေးလဲဆိုတော့ အဓိက က ဒေသခံပေါ့နော်၊ ဒေသစကား၊ ဒေသရဲ့ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုလွှမ်းခြုံတဲ့သူတွေ၊ ပညာတတ်လူငယ်လေးတွေကို နံပါတ် ၁ အနေနဲ့ရွေးမယ်၊ ဒုတိယကတော့ အသက်အရွယ်ကြီးပေမယ့် ‘ဝ’ ဒေသခံ ဖြစ်ရင် ရပ်ရွာ အကျိုးဆောင်ရွက်ခဲ့သူတွေ ‘ဝ’ တိုင်းရင်းသားဖြစ်ရင်တော့ ပိုကောင်းတာပေါ့လေ။ ‘ဝ’ မဟုတ်ပေမဲ့ လည်း ဒေသဇာတိဖြစ်တဲ့ ကချင်၊ ကိုးကန့်၊ ရှမ်းစတဲ့ တိုင်းရင်းသားတွေလည်း  ထည့်သွင်းရွေး ချယ်မှာပဲ” 

ပါဝင်ယှဉ်ပြိုင်မယ့် နယ်မြေတွေကတော့ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက အစိုးရ သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်မြေတွေ အားလုံးအပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းရှိ တန့်ယန်း၊ မိုင်းရှူး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းခတ်၊ မိုင်းဆတ် အစရှိတဲ့ မြို့နယ် ၁၀ ရှိပါတယ်။

ယူဒဗလျူအက်စ်အေ ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲမှာတော့ ရွေးကောက်ပွဲကျင်းပမယ်၊ မကျင်းပဘူးဆိုတာ  သေချာမသိရသေးဘူးလို့  ဦးဆိုင်ပေါင်းနပ်က ဆက်ပြောပါတယ်။ 

‘ဝ’ ပါတီက ကိုယ်စားလှယ်တွေရွေးကောက်ပွဲမှာ အနိုင်ရရင် ပထမဦးစားပေးအနေနဲ့ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပိုင်ခွင့်တွေအတွက် ကြိုးစားဆောင်ရွက်မှာ ဖြစ်ပြီး ဒုတိယအနေနဲ့ ဒေသတွင်းရှိ တိုင်းရင်းသားလူမျိုးများရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်ဖွံ့ဖြိုးမှုတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ သူတို့ဒေသထဲမှာ နိုင်ငံသားမှတ်ပုံတင်အကုန်မရှိတဲ့ ပြဿနာ၊ လက်ရှိ ကိုဗစ်-၁၉ ကာလမှာ  ခရီးသွားလာရေး အခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် မဲဆန္ဒရှင် ပြည်သူတွေရှိတဲ့ ရပ်ရွာတွေကို အရောက်မသွားနိုင်တဲ့ ပြဿနာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ 

‘ဝ’ အမျိုးသားပါတီဟာ ယခင်က ‘ဝ’ တိုင်းရင်းသားကိုယ်စားပြုပါတီတွေဖြစ်ကြတဲ့ ‘ဝ’ ဒီမို ကရက်တစ်ပါတီ၊ ‘ဝ’ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ ‘ဝ’ လစ်ဘရယ်ဒီမိုကရက်တစ် ဖွံ့ဖြိုး တိုးတက်ရေးပါတီစတဲ့ ပါတီ ၃ ခုလုံးကို တူညီတဲ့ ဦးတည်ချက်နဲ့ တစ်ပါတီတည်းအဖြစ် ပူးပေါင်းခဲ့ပါတယ်။

ပါတီရဲ့ အဓိက နိုင်ငံရေးရည်မှန်းချက်မှာ ‘ဝ’ ပြည်နယ်တည်ဆောက်ရေး၊ ‘ဝ’ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ‘ဝ’ တမျိုးသားလုံးစည်းလုံးညီညွတ်စွာနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံထဲမှာ တန်းတူညီမျှအခွင့်အရေးရပြီး နယ်မြေဒေသဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးတို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013