DVB Logo
Home
မြန်မာသတင်း
ဟင်္သာတတွင် ရခိုင်စစ်ရှောင် ၃ ဦး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရ
DVB
·
May 15, 2026
Photo: Ko Myo
Photo: Ko Myo
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်တရားရုံးက စစ်ဘေးရှောင် အရပ်သား ၃ ယောက်ကို အကြမ်းဖက် ဥပဒေတွေနဲ့ ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မညိုညို ဆိုသူ အမျိုးသမီး အပါအဝင် အရပ်သား စစ်ဘေးရှောင် ၃ ယောက်လုံးကို မေ ၁၃ ရက်က စစ်အာဏာရှင်လက်အောက်ခံ ဟင်္သာတခရိုင် တရားရုံးက တယောက်ကို ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချမှတ်ခဲ့တာလို့ သိရပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ စစ်ဘေးရှောင် ၃ ယောက်ဟာ ရခိုင်တိုင်းရင်းသားတွေဖြစ်ပြီး အခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်က စစ်တပ်နဲ့ ရဲတွေက ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ကနေ အကြမ်းဖက်အဖွဲ့တွေကို ကူညီထောက်ပံ့နေတာကြောင့်ဆိုပြီး စွပ်စွဲ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဟင်္သာတခရိုင်တရားရုံးနဲ့ နီးစပ်သူက “အခု ထောင်ဒဏ်ချမှတ်ခံရတဲ့သူတွေက အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်မှုရှိတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခံရတဲ့သူတွေပါ။ PDF နဲ့ AA ကို ထောက်ပံ့နေသူတွေလို့ဆိုပြီး ဖမ်းခံရသူတွေ” လို့ ပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့သူတွေဟာ အရပ်သား ရခိုင်စစ်ဘေးရှောင်တွေဖြစ်ပြီး စစ်တပ်လက်အောက်ခံ တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄(က) နဲ့ ပုဒ်မ ၅၀၅-က စတဲ့ပုဒ်မတွေနဲ့ တယောက်ကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံရတာလို့ သိရပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ စစ်ဘေးရှောင် ၃ ယောက်ဟာ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက်၊ အသက် ၄၀ ဝန်းကျင် တယောက်ဖြစ်ပြီး ဖမ်းဆီးခံရသူတွေဘက်က အရပ်သားစစ်ရှောင်တွေဖြစ်ကြောင်း သက်ဆိုင်ရာ တရားရုံးနဲ့ ရဲတပ်ဖွဲ့ဆီ တင်ပြပေမဲ့ ခုခံချေပခွင့် လုံးဝမပေးခဲ့ဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013