DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၁၀၀၀ ကျော်အား စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ်မတွေ့
DVB
·
July 20, 2020
ဓာတ်ခွဲနမူနာ ၁၀၀၀ ကျော်အား စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ်မတွေ့
Donate to DVB

ဒီနေ့ ဓာတ်ခွဲနမူနာ ၁၀၀၀ ကျော်ကို ပထမအသုတ် စစ်ဆေးရာမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ်မရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အခုည ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှာ ဓာတ်ခွဲနမူနာ အခု ၃၈၀၊  ဆေးသုတေသနဦးစီးဌာနမှာ ၁၂၈ ခု၊  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)မှာ ၇၆ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)မှာ ၂၅၆ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် ၁,၀၀၀ မှာ ၁၈၂ ခု ကို ဓာတ်ခွဲစစ်ဆေးခဲ့တာပါ။

ဒါကြောင့် ဒီနေ့ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄၁ ယောက်ရှိပြီး ဒီနေ့ နေ့လယ်ပိုင်းအထိ စောင့်ကြည့်လူနာသစ် ၂၂ ယောက်ရှိပါတယ်။

ဒီနေ့မှာတော့ အတည်ပြုလူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာစစ်ဆေးတာမှာ ၂ ကြိမ်ဆက် ပိုးမတွေ့သူ ၂ ယောက်ရှိတာကြောင့် ရောဂါပိုးကင်းစင်လာသူ ၂၇၈ ယောက်ရှိပြီး ၂၆၅ ယောက်ကိုတော့ ဆေးရုံကနေ ဆင်းခွင့်ပြုထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ ညပိုင်းအထိ ပိုးတွေ့လူနာပေါင်း ၁၄၇ သိန်းလောက်ရှိပြီး သေဆုံးသူ ၆၀၉,၆၁၉ ယောက် ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013