DVB Logo
Home
မြန်မာသတင်း
တပ်သိမ်းမြေကိစ္စ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးရန် ဆီဆိုင်မြို့ တောင်သူများ တောင်းဆို
DVB
·
July 20, 2020
တပ်သိမ်းမြေကိစ္စ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးရန် ဆီဆိုင်မြို့ တောင်သူများ တောင်းဆို
Donate to DVB

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်က တပ်သိမ်းမြေနဲ့ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲတွေ ကွင်းဆင်းဆောင်ရွက်ပေးဖို့ တောင်သူတွေက တောင်းဆိုခဲ့ကြပါတယ်။

ဒီကနေ့ တောင်ကြီးမြို့ ထိန်သာဟိုတယ်မှာ တောင်သူတွေက သတင်းစာရှင်းပွဲပြုလုပ် တောင်းဆိုခဲ့တာဖြစ်ပြီး တပ်သိမ်းမြေကြောင့် လုပ်ကိုင်စားသောက်ဖို့ အခက်အခဲကြုံတွေ့နေရသလို သီးနှံဖျက်ဆီးခံရတာ၊ တရားစွဲဆိုတာတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

တပ်သိမ်းမြေထဲမှာ ဝင်ရောက်လုပ်ကိုင်တယ်ဆိုပြီး တောင်သူ အယောက် ၇၀ ကျော်ဟာ တရားစွဲခံနေရပါတယ်။ 

တောင်သူ ခွန်သိန်းမောင်က “တရားမဝင် သိမ်းဆည်းမြေတွေကို ခြွင်းချက်မရှိ ပြန်လည်စွန့်လွှတ်ပေးဖို့၊ တောင်သူလယ်သမား တိုင်းရင်းသားပြည်သူလူထုတွေ လက်တွေ့ကျင့်သုံးနေတဲ့ ဓလေ့ထုံးတမ်းမြေယာစနစ်ကို အသိမှတ်ပြုပေးဖို့နဲ့ ပိုင်ဆိုင်ခွင့် စီမံခွင့်ကိုလေးစားလိုက်နာပေးဖို့၊ အစိုးရက လက်ရှိမြေယာပြဿနာအပေါ် တောင်သူလယ်သမားအကျိုးစီးပွား ကာကွယ်တဲ့ဥပဒေနဲ့ တောင်သူတွေပိုင်ဆိုင်ခွင့် ဓလေ့ထုံးတမ်း အခြေခံပြီး ကူညီဖြေရှင်းပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

တပ်သိမ်းမြေကြောင့် နစ်နာသွားတဲ့တောင်သူတွေကို ဒေသဦးစီးအဖွဲ့က မြေယာအစားထိုး ပြန်ပေးမယ်ဆိုတာကို တောင်သူတွေက လက်မခံဘဲ မိမိမြေယာကိုပဲ ပြန်ရချင်ကြတယ်လို့ မြေသိမ်းခံတောင်သူ ဒေါ်ချိုချိုဝင်းက ပြောပါတယ်။

ကိုဗစ်ကာလမှာ အကြပ်အတည်းဖြစ်နေပေမယ့် စိုက်ပျိုးခွင့်မရတာ၊ စိုက်ထားတဲ့အပင်တွေဖျက်ဆီးခံရတာတွေကြောင့် တောင်သူတွေအခက်အခဲနဲ့ရင်ဆိုင်နေရပါတယ်။

ဆီဆိုင်မြို့နယ် တောင်ကြီး-လွိုင်ကော်လမ်း အနောက်ဘက် မြေဧက ၁၉၀၀ နဲ့ လမ်းအရှေ့ဘက် ဧက ၃၀၀ ဟာ စစ်တပ်မရောက်ခင်ကတည်းက တောင်သူတွေ လုပ်ကိုင်စားသောက်မှီခိုနေကြတာဖြစ်ပြီး တပ်ပိုင်မဟုတ်ဘဲ တပ်ကသိမ်းသွားတာလို့ တောင်သူတွေကဆိုပါတယ်။

အဲဒီမြတွေကို ခမရ ၄၂၃၊ ၄၂၄ က ၁၉၉၂ ခုနှစ်မှာ ယာယီသိမ်းဆည်းခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က သိမ်းဆည်းခဲ့တယ်လို့ တောင်သူတွေက ဆိုပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013