DVB Logo
Home
မြန်မာသတင်း
မဲဆန္ဒရှင်အားလုံး မပျက်မကွက်မဲပေးကြရန် မကွေးတိုင်းဝန်ကြီးချုပ် တိုက်တွန်း
DVB
·
July 19, 2020
မဲဆန္ဒရှင်အားလုံး မပျက်မကွက်မဲပေးကြရန် မကွေးတိုင်းဝန်ကြီးချုပ် တိုက်တွန်း
Donate to DVB

ပြည်သူအများစုကို ကိုယ်စားပြုတဲ့ ခိုင်မာအားကောင်းတဲ့ အစိုးရပေါ်လာဖို့ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေ‌ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်အားလုံး မပျက်မကွက် မဲပေးကြဖို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။ 

မဲလာပေးကြတဲ့အခါမှာလည်း ရောဂါကူးစက်မှုမရှိအောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတ်မှတ်စည်းကမ်းချက်တွေကို လိုက်နာပြီးမှ မဖြစ်မနေ မဲပေးကြဖို့ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံရေးပါတီတွေဘက်ကနေ ရွေးကောက်ပွဲမှာမဲပေးကြဖို့ တိုက်တွန်းနေကြသလို တစ်ဖက်မှာလည်း ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေမှာ No Vote 2020 ဆိုပြီး ကမ်ပိန်းတွေ လုပ်ဆောင်နေကြပါတယ်။ 

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာ‌တော့ မဲပေးခွင့်ရှိတဲ့ နိုင်ငံသားတဦးအနေနဲ့ မဲကို မပေးမနေရမဟုတ်ဘဲ မဲပေးလို့လဲရသလို  မဲမပေးရင်လဲ ရတယ်လို့ ပါဝင်နေပါတယ်။ 

အခုလို ပါဝင်နေပေမယ့် မဲပေးခွင့်ရှိသူတွေအနေနဲ့ No Vote လုပ်မယ့်အစား ကိုယ့်ရဲ့အခွင့်အရေးကို အသုံးပြုပြီး ကိုယ်စားလှယ်လောင်းတွေ မှန်မှန်ကန်ကန်ရွေးချယ်ဖို့လိုသလို အခုတကြိမ်မှာ မဲမပေးရင် နောက်တစ်ကြိမ်မှာ မဲပေးခွင့်ရဖိုကို ၅ နှစ်ကြာစောင့်ဆိုင်းရမှာဖြစ်လို့ ကိုယ့်အခွင့်အရေးကို လက်လွတ်မခံဖို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကပြောပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၃၇ သန်းရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ 

၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာတော့‌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းကျော်အနက် ၇၇ ရာခိုင်နှုန်းမဲပေးခဲ့ကြပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၄ သန်းကျော်အနက် ၆၉ ရာခိုင်နှုန်းကျော် လာရောက်မဲပေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013