DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်များကို နှင်ထုတ်ခြင်း မပြုရန် တိုက်တွန်း
DVB
·
March 4, 2025
ဒုက္ခသည်များကို နှင်ထုတ်ခြင်း မပြုရန် တိုက်တွန်း
Donate to DVB

ထိုင်း၊ မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက မြန်မာဒုက္ခသည်တွေကို ပြန်လည်နှင်ထုတ်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေကို အဓမ္မပြန်လည်ပို့ဆောင်ခြင်းမပြုဖို့ Milk Tea Alliance Friends of Myanmar အဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မတ် ၂ ရက်နေ့ ရက်စွဲနဲ့ အခုလို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ပြည်တွင်းစစ်နဲ့ စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကြောင့် မြန်မာပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်လာရပေမဲ့ အိမ်နီးချင်းနိုင်ငံတွေက မိမိနိုင်ငံကို ပြန်လည် ပို့ဆောင်တာတွေဟာ စစ်အုပ်စုရဲ့ ဖိနှိပ်မှုထဲကို ပြန်လည်ရောက်ရှိစေနိုင်တဲ့ အန္တရာယ်ရှိကြောင်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။ 

အထူးသဖြင့် စစ်အုပ်စုက တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းတာကို ခံနိုင်ရကြောင်းလည်း ရေးသားဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေက မြန်မာဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်မှုတွေ ပြုလုပ်ခဲ့ကြပြီး ဇန်နဝါရီ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ ရိုဟင်ဂျာ ၃၆ ဦးကို ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံကို ပို့ဆောင်ဖို့ စီစဉ်နေကြောင်း၊ မလေးရှားကလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေပါဝင်တဲ့ စက်လှေ နှစ်စီးကို ရေပိုင်နက် ပြင်ပဆီ နှင်ထုတ်ခဲ့သလို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးခံရသူတွေကို ပြန်လည် စိစစ်ခြင်း မလုပ်ဘဲ မြန်မာနိုင်ငံကို ပြန်လည် နှင်ထုတ်ခဲ့တာတွေ ရှိကြောင်း၊ ထိုင်းနိုင်ငံအနေနဲ့လည်း တရားဝင် အထောက်အထား မရှိတဲ့ မြန်လုပ်သားတွေကို စစ်အုပ်စုလက်ထဲ ပြန်လည်ပို့ဆောင်နေတဲ့ အဖြစ်တွေရှိကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံအစိုးရတွေအနေနဲ့ အထူးသဖြင့် ထိုင်း၊ မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို ကရုဏာထားပြီး ကူညီပေးကြဖို့၊ လိုအပ်တဲ့ အကာအကွယ်ပေးကြဖို့နဲ့ ရေရှည်ရပ်တည်နိုင်ရေးအတွက် ဧည့်သည်အဖြစ်နေထိုင်နေစဉ် အိမ်ရှင်နိုင်ငံရဲ့ အကျိုးကို အားဖြည့် ဆောင်ရွက်ပေးနိုင်ရေးအတွက် အလုပ်လုပ်ကိုင်ခွင့်ပေးဖို့ Milk Tea Alliance Friends of Myanmar အဖွဲ့က တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာစစ်အုပ်စုကို လက်နက်၊ လောင်စာဆီ၊ ငွေကြေးများ ဖြတ်တောက်ရေးနဲ့ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး လုပ်ဆောင်ဖို့ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းကိုလည်း တိုက်တွန်းခဲ့ပါတယ်။

Milk Tea Alliance Friends of Myanmar အနေနဲ့ ရိုဟင်ဂျာတွေအပါအဝင် မြန်မာပြည်သူတွေနဲ့ အဖိနှိပ်ခံ လူ့အဖွဲ့အစည်းတွေနဲ့အတူ ဆက်လက်ပူးပေါင်း ကူညီသွားမယ်လို့လည်း ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013