DVB Logo
Home
မြန်မာသတင်း
အိန္ဒိယကပြန်လာသည့် တွန်းဇံမြို့နယ်နေ အမျိုးသမီး ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
July 19, 2020
အိန္ဒိယကပြန်လာသည့် တွန်းဇံမြို့နယ်နေ အမျိုးသမီး ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Donate to DVB

ဓာတ်ခွဲနမူနာ ၉၈၉ ခုအား စစ်ဆေးချက်အရ အိန္ဒိယက ပြန်လာတဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်နေ အသက် ၅၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၈ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၆၇၁ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) ဓာတ်ခွဲနမူနာ ၃၁၈ ခု၊ စုစုပေါင်း ၉၈၉ ခုတို့အား စစ်ဆေးပြီးစီးခဲ့တာပါ။

လူနာသစ် ၃၄၁ ဟာ အိန္ဒိယက ပြန်လာပြီးနောက် တီးတိန်မြို့နယ်မှာ အသွားအလာကန့်သတ်ထားသူဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိဘူးလို့ ဆိုပါတယ်။ သူ့ကို တီးတိန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ သိရပါတယ်။ 

မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁,၀၇၇ ခုအား စစ်ဆေးရာမှာလည်း ယူအေအီးနိုင်ငံက ပြန်လာတဲ့ မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်နေ အသက် ၄၃ နှစ်အရွယ် အမျိုးသမီး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄၁ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူလူနာ ၂၇၃ ဦး၊ ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၆၁ ဦး နဲ့ စောင့်ကြည့်လူနာအသစ် ၃၉ ဦး ရှိပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၆ သိန်းကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၈ ဒသမ ၆ သန်းကျော်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013