DVB Logo
Home
မြန်မာသတင်း
မြောက်ပိုင်းအဖွဲ့များကို ငြိမ်းချမ်းရေးညီလာခံဖိတ်ရန် ညှိနှိုင်းနေဟု ဦးဇော်ဌေး ပြော
DVB
·
July 18, 2020
မြောက်ပိုင်းအဖွဲ့များကို ငြိမ်းချမ်းရေးညီလာခံဖိတ်ရန် ညှိနှိုင်းနေဟု ဦးဇော်ဌေး ပြော
Donate to DVB

ဩဂုတ်လအတွင်း ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို မြောက်ပိုင်းအဖွဲ့တွေအပါအဝင် NCA မှာ လက်မှတ်မရေးထိုးရသေးတဲ့အဖွဲ့တွေကို ဖိတ်ကြားဖို့ ညှိနှိုင်းနေတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး ၂ နှစ်ကျော်အကြာမှာ စတုတ္ထအကြိမ်ကို ပြုလုပ်တော့မှာပါ။ 

လက်ရှိအချိန်ဟာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန် ဖြစ်တဲ့အတွက် ညီလာခံကို ကိုဗစ်သတ်မှတ်ချက်တွေနဲ့အညီ ပြုလုပ်မှာဖြစ်သလို မြောက်ပိုင်းအဖွဲ့တွေအတွက်ကိုလည်း သွားရေးလာရေးက အစ စီစဉ်သွားရမယ်လို့ ဆိုပါတယ်။

ဦးဇော်ဌေးက “မြောက်ပိုင်းအဖွဲ့တွေ လာဖို့ဆိုရင်လည်း တဖက်မှာလည်း ခရီးသွားလာခွင့်လက်မှတ်တွေ ထုတ်ပေးထားတာ တွေရှိတယ်။ ဒါမျိုးလေးတွေလည်း လုပ်ရမှာတွေရှိတယ်ပေါ့။ အဲ့ဒီတော့ ပြောရရင်တော့ ကျနော်တို့ ညှိနှိုင်းနေတယ်။ စီစဉ်နေတယ်။ ထွက်လာတဲ့ ညွှန်ကြားချက်အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ အချိန်မီဆောင်ရွက်သွားမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

ကိုဗစ်ကာလအတွင်း ပြုလုပ်မှာ ဖြစ်တဲ့အတွက် ညီလာခံတက်ရောက်သူ ဦးရေကိုလည်း သုံးပုံတစ်ပုံဆီလျှော့ချသွားမှာပါ။ ဒါ့အပြင် အရင်ညီလာခံတွေတုန်းက လေ့လာသူတွေကို တက်ရောက်ခွင့်ပြုခဲ့ပေမယ့် အခုညီလာခံမှာတော့ ခွင့်ပြုမှာ မဟုတ်ပေမယ့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကိုတော့ ကိုယ်စားလှယ်အနည်းဆုံးအနေနဲ့ ဖိတ်ကြားသွားမယ်လို့ ဆိုပါတယ်။

“NCA မှာ ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက ခေါင်းဆောင်တွေ၊ ထိပ်သီးခေါင်းဆောင်တွေ နှစ်ယောက်ဆီဖိတ်ဖို့လည်း လျာထားတယ်။ လျာထားတဲ့အတွက် ညီလာခံလာတဲ့သူတွေက ဘာလုပ်ရမလဲဆိုတော့ ဒီကို ကြိုပြီးတော့ ရောက်ရမယ်။ သတ်မှတ်တဲ့ရက် ကြိုတင်ရောက်ရှိရမယ့်အချိန် ကြိုရောက်မယ်။ ကြိုရောက်ပြီးရင် ကျန်းမာရေးအရ SWAB ယူတဲ့ဟာတွေလုပ်မယ်။အဲ့ဒီက negative လူတွေပဲ ညီလာခံတက်ခွင့်ရှိမှာဖြစ်တယ်” လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

စတုတ္ထအကြိမ် ငြိမ်းချမ်းရေးညီလာခံကို လာမယ့် ဩဂုတ်လ ၁၂ ရက်ကနေ ၁၄ ရက်နေ့အထိ ၃ ရက် ပြုလုပ်သွားမှာဖြစ်ပြီး နေပြည်တော်ရှိ MICC 1 နဲ့ MICC 2 တို့မှာ နှစ်နေရာခွဲပြုလုပ်သွားမှာပါ။

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013