DVB Logo
Home
မြန်မာသတင်း
တရုတ်ပြန် Quarantine ဝင်နေသူသေဆုံးမှု ကိုဗစ်-၁၉ ကြောင့် မဟုတ်ဟု အတည်ပြု
DVB
·
July 17, 2020
တရုတ်ပြန် Quarantine ဝင်နေသူသေဆုံးမှု ကိုဗစ်-၁၉ ကြောင့် မဟုတ်ဟု အတည်ပြု
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝတိုက်နယ်ဆေးရုံမှာ Quarantine ဝင်နေတဲ့ စောင့်ကြည့်လူနာ အမျိုးသား တစ်ဦးသေဆုံးရတာဟာ ကိုဗစ်-၁၉ ရောဂါ ကြောင့်မဟုတ်ဘဲ တခြားနာမကျန်းရောဂါကြောင့်သေဆုံးတာဖြစ်တယ်လို့ ကျောက်တော်မြို့နယ် ဆရာဝန်ကြီး အတည်ပြုပြောပါတယ်။

သေဆုံးသွားသူမှာ ကျောက်တော်မြို့နယ် ရောင်စုံကျေးရွားသားတစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံက ဇွန်လ ၃၀ ရက်နေ့က သူ့ရဲ့နေရပ်ဖြစ်တဲ့ ရောင်စုံကျေးရွာကိုပြန်လာကာ ဇူလိုင် ၁၄ ရက်နေ့ကအပေါက်ဝတိုက်နယ်ဆေးရုံမှာ သေဆုံးသွားခဲ့တာပါ။

ကျောက်တော်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးက “ ဆေးစစ်ဆေးချက်ကတော့ Plus မထွက်ဘူး။ လုံးဝ Negative ပါ။ အတည်ပြုထားပါပြီ”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကလည်း လူနာမှာ ကိုဗစ်-၁၉ ပိုးမတွေ့ရဘဲ  Negative ဖြစ်ကြောင့် ဖုန်း မက်ဆေ့ချ်ကနေ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

အဆိုပါလူနာဟာ Quarantine ဝင်နေစဉ်သေဆုံးသွားတာနဲ့ပတ်သက်ပြီး သတင်းတွေ ပြန့်သွားပြီးနောက်မှ အဲ့ဒီဒေသအတွင်းမှာ တစ်ရွာကနေတစ်ရွာကို ဝင်ထွက်သွားလာခွင့်တွေ ပိတ်ပင်မှုတစ်ချို့တွေရှိနေသလို ကျေးရွာသားတွေအပေါ်သံသယဖြစ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရောင်စုံကျေးရွာအုပ်ချုပ်မှူးဦးသာထွန်းက ဒီဗွီဘီကိုပြောပါတယ်။

“လူနာကကိုဗစ်ကြောင့်သေဆုံးသွားတယ်လို့ လူတွေ ထင်နေကြတာ။ အဲ့ဒါကြောင့်ကျေးရွာသားတွေက တစ်ခြားကျေးရွာတွေကို သွားလာရတာ အခက်အခဲဖြစ်နေပါတယ်။ သွားလာလို့ရပေမဲ့ တခြားရွာသားတွေက သံယဝင်နေ ကြပါတယ်။ ရွာတွေကို ခြံစည်းရိုးကာဖို့ ဘာညာနဲ့ပြောနေကြတယ်။ နောက်ပြီးအင်တာနက်ကပိတ်ထားတော့ သတင်းအချက် အလက်တွေကလည်း အရမ်းနည်းတယ်ပေါ့။ ကျနော်တို့ ကျန်းမာရေးဌာနကို ဆက်တဲ့အချိန် ဒီလူနာက ကိုဗစ် ပိုးမရှိကြောင်း အတည်ပြုပါတယ်လို့”ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေရှ့်ကဝင်လာသူတွေထဲက ဇူလိုင် ၁၆ ရက်နေ့ ထုတ်ပြန်ချက် အရ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ ၁၅ ဦးရှိတဲ့ အထဲက ၈ ဦးမှာ ရောဂါပြန်လည်ပျောက်ကင်း သွားပြီးလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃၃၉ ဦး၊ ပြန်သက်သာလာသူ ၂၇၀ ဦး၊ ဆေရုံကဆင်းခွင့်ရသူ ၂၅၀ ဦး၊ စောင့်ကြည့်လူနာ ၆၄၂၉ ဦးနဲ့ သေဆုံးသွားသူ ၆ ဦး ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013