DVB Logo
Home
မြန်မာသတင်း
အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရန် သစ္စာစီမံချက်ဖြင့် မှတ်ပုံတင်လုပ်ပေးနေ
DVB
·
July 15, 2020
အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရန် သစ္စာစီမံချက်ဖြင့် မှတ်ပုံတင်လုပ်ပေးနေ
Donate to DVB

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရရှိနိုင်ဖို့ တိုင်းနဲ့ပြည်နယ်အလိုက်ရှိ မြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာတွေမှာ မှတ်ပုံတင်တွေ ပြုလုပ်ပေးနေပါတယ်။

ရွေးကောက်ပွဲမှာ အိမ်ထောင်စုစာရင်း မရှိလို့၊ မှတ်ပုံတင်မရှိလို့ မဲမပေးလိုက်ရတာမျိုး မဖြစ်ရဖို့ ရပ်ကွက်ကျေးရွာတွေအထိ ကွင်းဆင်းဆောင်ရွက်လုပ်ပေးနေတယ်လို့ အလုပ်သမား လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။

ဒီလိုလုပ်ပေးတဲ့ကာလကို သစ္စာစီမံချက်နဲ့ အချိန် ၂ လတာအတွင်း အပြီးအပြတ် လုပ်ပေးနိုင်ဖို့ လျာထားပြီး လက်ရှိမှာ ရန်ကုန်တိုင်းရှိ မြို့နယ်တွေ၊ ဧရာ၀တီတိုင်းရှိ မြို့နယ်တွေကို ကွင်းဆင်းလုပ်ဆောင်တာတွေ လုပ်နေပါပြီ။

လာမယ့် ၂၀၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ဖို့ လိုအပ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးတဲ့လုပ်ငန်းကို လုပ်ငန်းပမာဏအရ ဦးစားပေးနယ်မြေ သတ်မှတ်ပြီး ကွင်းဆင်းပြုလုပ်ပေးနေတာပါ။

တိုင်းဒေသကြီးအလိုက်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေရဲ့ စာရင်းတွေအရ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ဖြည့်သွင်းဖော်ပြနိုင်တာမရှိတဲ့ စာရင်းတွေကို ပြန်လည်တိုက်ဆိုင် ဖော်ထုတ်ရွေးချယ်ပြီး ဖြည့်သွင်းနိုင်ဖို့ မှတ်ပုံတင်မရှိသူတွေကို အသစ်ပြုလုပ်ပေးတာ၊ ပျောက်ဆုံး၊ ပျက်စီးတွေကို ပြန်လည်လုပ်ဆောင်ပေးနေတာလို့ သိရပါတယ်။

ဇာခြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013