DVB Logo
Home
မြန်မာသတင်း
ဖြည့်စွက်ဘတ်ဂျက် ကျပ်သန်း ၃၅၀ ကျော်တောင်းခံမှု အိုင်စီဂျေနှင့် မပတ်သက်ဟု ဝန်ကြီး ငြင်းဆို 
DVB
·
July 15, 2020
ဖြည့်စွက်ဘတ်ဂျက် ကျပ်သန်း ၃၅၀ ကျော်တောင်းခံမှု အိုင်စီဂျေနှင့် မပတ်သက်ဟု ဝန်ကြီး ငြင်းဆို 
Donate to DVB

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံထားတဲ့အထဲက  ကျပ်သန်း ၃၅၀ ကျော်ဟာ အိုင်စီဂျေမှုကိစ္စနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီးက ငြင်းဆိုလိုက်ပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အခုဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံရာမှာ ကျပ်သန်း ၃၅၁ ဒသမ ၆၀၀ ကို ခရီးစရိတ်ကုန်ကျငွေနဲ့ လေးလံပစ္စည်း သယ်ယူစရိတ်တွေအတွက် ထည့်သွင်းတောင်းခံထားတာပါ။

ဒါနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ဇူလိုင် ၁၅ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အိုင်စီဂျေအတွက် ရှေ့နေ၊ တရားသူကြီး ငှားရမ်းတာ၊ ဥပဒေအကြံပေး ခန့်အပ်တာတွေအတွက် တစ်ဦးချင်း ကုန်ကျငွေကို ရှင်းလင်းပေးဖို့နဲ့ ခရီးစရိတ်နဲ့ လေးလံပစ္စည်း သယ်ယူစရိတ် ကျပ် ၃၅၁ ဒသမ ၆၀၀ သန်း သုံးစွဲတာနဲ့ ပတ်သက်ပြီး ရှင်းလင်းပေးဖို့ ရှိ၊ မရှိ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာမောင်သင်းရဲ့ မေးခွန်းကို နိုင်ငံခြားရေးဝန်ကြီးဌာနကိုယ်စား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်က လွှတ်တော်မှာ လာရောက်ဖြေကြားခဲ့တာပါ။

ဒေါက်တာမောင်သင်းရဲ့ မေးခွန်းထဲက ခရီးစရိတ်နဲ့ လေးလံပစ္စည်း သယ်ယူစရိတ်တွေဟာ အိုင်စီဂျေနဲ့ ဆက်စပ်မှုမရှိဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်းတွေအတွက် သုံးစွဲမှုသာ ဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ဒေါက်တာမောင်သင်း မေးမြန်းတဲ့ အိုင်စီဂျေအတွက် ရှေ့နေ၊ တရားသူကြီး ငှားရမ်းခြင်းနဲ့ ဥပဒေအကြံပေးခန့်အပ်ခြင်းတွေအတွက် ဖြည့်စွက်ခွင့်ပြုငွေထဲက ကျပ်သန်း ၆၈၀ တောင်းခံခြင်းနဲ့ ပတ်သက်ပြီးလည်း လွှတ်တော်မှာ လာရောက် ရှင်းလင်းတင်ပြပြီးဖြစ်သလို ဘဏ္ဍာရေး စည်းမျဉ်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းတို့နဲ့ ညီညွတ်မှု ရှိ၊ မရှိကို  ဌာနရဲ့အတွင်း စာရင်းစစ်အဖွဲ့နဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စာရင်းစစ်အဖွဲ့တို့ဆီ အစစ်ဆေးခံသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013