မက္ကဆီကိုရေတပ်ဟာ ပစိဖိတ်ကမ်းလွန်မှာ သင်္ဘောငယ်တစင်းကို ကြားဖြတ် ဟန့်တားပြီးတဲ့နောက် သြဂုတ် ၉ ရက်မှာ ကိုကင်းလို့ သံသယရှိတဲ့ ပစ္စည်း တန်ချိန် ၂ တန်ကျော်ကို အကာပူလ်ကို ဆိပ်ကမ်းမှာ ချခဲ့ပါတယ်။
အထုပ် ၃၉ ထုပ်နဲ့ ထုပ်ပိုးထားတဲ့ မူးယစ်ဆေးဝါးတွေဟာ ကီလိုဂရမ် ၂,၀၆၀ လောက်ရှိပြီး အကာပူလ်ကိုတောင်ဘက်က ပုံမှန်ရေကြောင်းကင်းလှည့်မှုတခုအတွင်း ဖမ်းဆီးရမိခဲ့တာလို့ ရေတပ်က ပြောပါတယ်။
မက္ကဆီကိုနိုင်ငံသား ၃ ယောက်နဲ့ အီကွေဒေါနိုင်ငံသား ၃ ယောက် အပါအဝင် လူ ၆ ယောက်ကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ သူတို့ကို အာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
Source: Reuters










