DVB Logo
Home
မြန်မာသတင်း
အခြေခံပညာအထက်တန်း ကျောင်းသူ ကျောင်းသားများကို စတင်ကျောင်းအပ်လက်ခံ 
DVB
·
July 13, 2020
အခြေခံပညာအထက်တန်း ကျောင်းသူ ကျောင်းသားများကို စတင်ကျောင်းအပ်လက်ခံ 
1 / 9
Donate to DVB

အခြေခံပညာ အထက်တန်းအဆင့် သင်ရိုးသစ် ဒသမတန်းနဲ့ သင်ရိုးဟောင်း ဒသမတန်း ကျောင်း သားကျောင်းသူတွေကို ဒီကနေ့ မနက် စတင်ပြီး နိုင်ငံတဝန်းက ကျောင်းတွေမှာ ကျောင်းအပ်လက်ခံနေပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုရှိစေဖို့ Social Distancing နည်းသုံးကာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတွေကို ဒီနေ့ စတင်ကာ ကျောင်းအပ်လက်ခံနေတာဖြစ်ပါတယ်။

ကျောင်းအပ်လက်ခံရေး သီတင်းပတ်အဖြစ် ဇူလိုင် ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမှာဖြစ်ပြီး အခြေခံပညာ အထက်တန်းအဆင့်အတန်းတွေကို လာမယ့် ဇူလိုင် ၂၁ ရက်နေ့ စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

အရင်နှစ်ကလို အခြေခံပညာအတန်းအားလုံးကို တပြိုင်တည်း လက်ခံတာ မဟုတ်ဘဲ အထက်တန်းအဆင့် ၂ ဆင့်အတွက်သာ လက်ခံတာ ဖြစ်ပါတယ်။ 

ကျောင်းအပ်လက်ခံတာမှာ ကျောင်းသူကျောင်းသားတွေ ကိုဗစ်-၁၉ မကူးစက်စေရေးအတွက် လူစုလူဝေး မဖြစ်စေဖို့  အခြေခံပညာဦးစီးဌာနက ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။ 

Photo - Kaung Zaw Hein / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013