DVB Logo
Home
မြန်မာသတင်း
အာဂျင်တီးနား၌ တရက်အတွင်း ကိုဗစ်-၁၉ လူနာသစ် ၂၆၅၇ ဦး တွေ့ရှိ 
DVB
·
July 13, 2020
အာဂျင်တီးနား၌ တရက်အတွင်း ကိုဗစ်-၁၉ လူနာသစ် ၂၆၅၇ ဦး တွေ့ရှိ 
Donate to DVB

အာဂျင်တီးနားနိုင်ငံမှာ ဇူလိုင် ၁၃ ရက် မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ  ၁ သိန်း  ကျော်နဲ့ ၁၈၄၀ ကျော်ရှိပြီလို့ သိရပါတယ်။

ဒါဟာ မြို့တော်ဗျူနိုအေးရိစ်နဲ့ပတ်ဝန်းကျင်နေရာတွေမှာ ကပ်ဘေးပြန့်ပွားမှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ကြားက ဖြစ်လာနေတာပါ။ 

ဇူလိုင်လ ၁၂ ရက် တရက်တည်းမှာပဲ အသစ်တွေ့အတည်ပြု လူနာ ၂၆၅၇ ဦး ရှိခဲ့ပါတယ်။

အာဂျင်တီးနားဟာ ကပ်ဘေးကို ထိန်းချုပ်နိုင်ဖို့ မတ်လလယ်ကထဲက အသွားအလာ ပိတ်ဆို့ ကန့်သတ်ချက် လော့ဒေါင်းချထားခဲ့တာပါ။ 

မေလထဲ လော့ဒေါင်းကန့်သတ်ချက်တချို့ကို ဖြေလျှော့ပေးခဲ့ပေမဲ့ ဇွန်လကုန်မှာတော့ မြို့တော်ဗျူနိုအေးရိစ်နဲ့ ပတ်ဝန်းကျင်နေရာတွေမှာ ရောဂါကူးစက်နှုန်း ပြန်မြင့်တက်လာပါတယ်။

ဆေးရုံတွေမှာလည်း လူနာတွေ ဆက်များလာနေတဲ့အတွက် လော့ဒေါင်းချတာတွေ လုပ်ထားရဦးမယ်လို့ လက်ထောက်ကျန်းမာရေးဝန်ကြီးက ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013