DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁ ဦးတွေ့ရှိ၊ လွှတ်တော်ကိုယ်စားလှယ် ၄၅၂ ဦးတွင် ရောဂါပိုးမတွေ့
DVB
·
July 12, 2020
ကိုဗစ်-၁၉ လူနာသစ် ၁ ဦးတွေ့ရှိ၊ လွှတ်တော်ကိုယ်စားလှယ် ၄၅၂ ဦးတွင် ရောဂါပိုးမတွေ့
Donate to DVB

အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၅၂ ဦး၊ အထောက်အကူပြု အဖွဲ့ဝင် ၁၀ ဦး စုစုပေါင်း ၄၆၂ ဦးကို ဓာတ်ခွဲစစ်ဆေးချက်အရ ရောဂါပိုးမတွေ့ရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၇၄၇ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၂၀၉ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၁၄၃ ခု၊ စုစုပေါင်း ၁,၀၉၉ ခု အား ဒီနေ့ညနေ စစ်ဆေးပြီးစီးခဲ့ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၄၀ အရွယ် လူနာသစ် အမှတ် ၃၃၁ ဟာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နေ အမေရိကန်က ပြန်လာသူဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိခဲ့ဘဲ အသွားအလာကန့်သတ်ထားသူဖြစ်ပါတယ်။ သူ့ကို တောင်ဥက္ကလာပအထူးကုဆေးရုံကြီးမှာ ကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၃၁ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၆၁ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၂၄၈ ဦး၊ စောင့်ကြည့်လူနာအသစ် အယောက် ၃၀ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013