DVB Logo
Home
မြန်မာသတင်း
အဓမ္မပြုကျင့်ခံရမှုအတွက် ကာယကံရှင်အမျိုးသမီးက စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်
DVB
·
July 11, 2020
အဓမ္မပြုကျင့်ခံရမှုအတွက် ကာယကံရှင်အမျိုးသမီးက စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှာ မြန်မာ့တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး ပြောဆိုထားတဲ့ ကာယကံရှင်အမျိုးသမီးက စစ်တွေမြို့ မြို့မရဲစခန်းမှာ ဇူလိုင် ၁၀ ရက်နေ့က အမှုဖွင့်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်က ဦးဂါကျေးရွာအတွင်းကို ရောက်ရှိလာတဲ့ တပ်မတော် စစ်ကြောင်းက တပ်မတော်သား ၃ ဦးဟာ ည ၁၁ နာရီအချိန်လောက်က ဗုံးခိုကျင်းထဲမှာရှိနေတဲ့ သေနတ်ထောက် ခေါ်ထုတ်ကာ အဓမ္မပြုကျင့်ခဲ့တာလို့ အသက် ၃၆ နှစ်အရွယ် ကလေး ၄ ဦးမိခင် ကာယကံရှင်အမျိုးသမီးက မီဒီယာတွေကို ပြောဆိုထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကတော့ အသေးစိတ် စုံစမ်းစစ်ဆေးရာမှာ သတင်းဟာမှန်ကန်မှုမရှိကြောင်းနဲ့ ပြည်သူလူထု အထင်လွဲမှားစေဖို့ လုပ်ကြံဖန်တီးပြီး မမှန်သတင်းဖော်ပြတာသာ ဖြစ်ကြောင်း ဇူလိုင် ၂ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ကာယံရှင်အမျိုးသမီးကိုယ်တိုင် ဇူလိုင် ၁၀ ရက်နေ့ က စစ်တွေမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆- မုဒိမ်းမှု၊ ပုဒ်မ ၃၆၆ အတင်းအဓမ္မ သွေးဆောင်ဆွဲခေါ်မှု၊ ပုဒ်မ ၁၄၄ ပြစ်မှုကျူးလွန်ဖို့အတွက် အားပေးမှုစတဲ့ ပုဒ်မ သုံးခုနဲ့ တိုင်ချက်ဖွင့်ခဲ့တာလို့ လိုက်ပါဆောင်ရွက်ခဲ့သူ ရခိုင်အမျိုးသမီးကွန်ရက်မှ ဥက္ကဋ္ဌ ဒေါ်ညိုအေးက သတင်းထောက်တွေကို ပြောဆိုပါတယ်။

“ရခိုင်ပြည်နယ်အတွင်း စစ်ဘောင်ကအရမ်းကျယ်လာတော့ အမျိုးသမီးခန်းကဏ္ဍက မလုံခြုံမှုတွေ ဖြစ်လာတယ်။ အခုဆိုရင် ဦးဂါ ကျေးရွာက အမျိုးသမီးဆိုရင် တော်တော်လေးကို ကြေကွဲစရာကောင်းပါတယ်။ သူကတော့ ကြောက်ရွံ့ထိတ်လန့်တဲ့စိတ်တွေ၊ ပြီးတော့ သူရဲ့ ခံစားချက်ထဲမှာ တကယ်ကို ယူကျုံးမရတဲ့အခြေအနေတွေ၊ အိမ်ထောင်ရှင်မတစ်ယောက်၊ ပြီးတော့ ကလေး ၄ ယောက်မိခင်တယောက်ရဲ့ အမေပေါ့နော်။ ဒီလိုဖြစ်ရပ်တွေ၊ ဒါကြောင့် ဒီအမှုအတွက် စစ်တွေအမှတ်ရဲစခန်းမှာ လာရောက်ပြီးတော့ အမှုဖွင့်လိုက်ရတာပါ။”

လက်ရှိမှာတော့ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးကို စစ်တွေဆေးရုံမှာ ဆေးစစ်ချက်တွေ ယူဆောင်ကာ ဆက်လက်ပြီး တရားရင်ဆိုင်ဖို့ အမျိုးသမီးအဖွဲ့တွေက ကူညီဆောင်ရွက်ပေးနေတယ်လို့ ဒေါ်ညိုအေးကပြောဆိုပါတယ်။

အဲဒီနေ့က တပ်မတော်သားသုံးဦးက အဓမ္မပြုကျင့်ခဲ့ပြီးနောက် သမီးဖြစ်သူ မွေးကင်းစ ၇ ရက်သား မိခင်ကိုလည်း အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့ပေမယ့် တောင်းပန်ခဲ့တာကြောင့် လွတ်မြောက်ခဲ့တယ်လို့ ကာယကံရှင်အမျိုးသမီးက မီဒီယာတွေကို ပြောပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူ Equality Myanmar အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ အမှုကို မှန်ကန်တိကျစွာ စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ 

လာတိုင်တဲ့အခါမှာ မှန်ကန်တိကျသော လုံလောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ မဖြစ်မနေလုပ်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီစုံစမ်းစစ်ဆေးမှုလုပ်တဲ့အချိန်မှာ ကျူးလွန်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်တပ်ကပဲဖြစ်နေပါစေ သူ့အပေါ်မှာ ကျူးလွန်ရင် ကျူးလွန်သလောက် မကျူးလွန်ဘူးဆိုရင် ဒါကို တိတိကျကျ ဆုံးဖြတ်ပေးဖို့လိုလိမ့်မယ်။ တချိန်တည်းမှာပဲ တရားရေးဆိုင်ရာ တရားရုံးတွေက သမာသမတ်ကျမှုက အရမ်းအရေးကြီးပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့မှ အမှန်တရားကို အမှန်တရားအတိုင်း ရရှိခံစားခွင့်ရှိတဲ့သူတွေရရှိအောင် လုပ်ဆောင်ပေးဖို့အတွက် ကျနော် စောင့်ကြည့်နေပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း ဖြစ်ကိုလည်းဖြစ်သင့်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013