DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၅၁၄ ခုတွင် ကိုဗစ်-၁၉ လူနာသစ်မတွေ့၊ စောင့်ကြည့်လူနာအသစ် ၂၈ ဦးရှိ
DVB
·
July 11, 2020
ဓာတ်ခွဲနမူနာ ၅၁၄ ခုတွင် ကိုဗစ်-၁၉ လူနာသစ်မတွေ့၊ စောင့်ကြည့်လူနာအသစ် ၂၈ ဦးရှိ
Donate to DVB

ဇူလိုင် ၁၀ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၅၁၄ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ မတွေ့ရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁,၃၀၂ ခုအား စစ်ဆေးရာမှာတော့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့ ၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။

အိန္ဒိယက ပြန်လာတဲ့ ရန်ကုန်တိုင်း ကမာရွတ်၊ ဗဟန်းနဲ့ တောင်ဥက္ကလာပ မြို့နယ်နေ ၃ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နေ ၂ ဦးတို့ဖြစ်ပြီး သက်ဆိုင်ရာ တောင်ဥက္ကလာပအထူးကု ဆေးရုံကြီးနဲ့ မောင်တောမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၂၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၅၆ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၂၄၀ နဲ့ စောင့်ကြည့်လူနာအသစ် ၂၈ ဦး ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၅၆၀,၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၇ ဒသမ ၃ သန်းရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013