DVB Logo
Home
မြန်မာသတင်း
ဖိလစ်ပိုင်ကပြန်လာသည့် တန့်ဆည်မြို့နယ်နေ အမျိုးသား ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
DVB
·
July 9, 2020
ဖိလစ်ပိုင်ကပြန်လာသည့် တန့်ဆည်မြို့နယ်နေ အမျိုးသား ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
Donate to DVB

ဖိလစ်ပိုင်နိုင်ငံက ပြန်လာတဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်နေ အသက် ၂၇ နှစ်အရွယ် အမျိုးသားတဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီည ထုတ်ပြန်ပါတယ်။

ဇူလိုင် ၉ ရက်နေ့အတွက် ပထမသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲ နမူနာ ၅၆၃ ခု၊ ဆေးသုတေသနဦးစီးဌာနက ၁၈၃  ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၂၆၇ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က  ၂၆၃ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူ ၁,၂၇၆ ခု အား စစ်ဆေးခဲ့တာပါ။

အသစ်တွေ့ရှိတဲ့ လူနာအမှတ် ၃၁၉ ဟာ ဖိလစ်ပိုင်က ပြန်လာပြီးနောက် မင်္ဂလာဒုံမြို့နယ်မှာ အသွားအလာကန့်သတ်ထားတာဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ သူ့ကို တောင်ဥက္ကလာပအထူးကုဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၁၉ ဦး၊ သေဆုံးသူ ၆ ဦး၊ စောင့်ကြည့်လူနာအသစ် ၄၁ ဦး၊ လူနာဟောင်းတွေထဲက လူနာအမှတ် ၂၁၀၊ ၂၂၄၊ ၂၇၇ နဲ့ ၂၇၈ တို့မှာ နှစ်ကြိမ်ဆက် ရောဂါပိုး မတွေ့ရတာကြောင့် ရောဂါပိုးကင်းစင်လာသူစုစုပေါင်း ၂၅၄ ဦးရှိပြီ ဖြစ်ပါတယ်။ အဲဒီထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၃၇ ဦးကို သတ်မှတ်နေရာတွေမှာ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုနေတယ်လို့ ဆိုပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဒသမ ၂ သန်းကျော်၊ သေဆုံးသူ ၅၅၃,၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၇ ဒသမ ၁ သန်းကျော်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013