DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့က နှာခေါင်းစည်းမတပ်သည့် ဈေးသည်၊ ဈေးဝယ် ၁၅၀၀ ခန့်ကို အရေးယူခဲ့
DVB
·
July 9, 2020
မန္တလေးမြို့က နှာခေါင်းစည်းမတပ်သည့် ဈေးသည်၊ ဈေးဝယ် ၁၅၀၀ ခန့်ကို အရေးယူခဲ့
1 / 2
Donate to DVB

ကိုဗစ်ကာလအတွင်း မန္တလေးမြို့က ဈေးတွေမှာ နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ခြင်းမရှိတဲ့ ဈေးသည်နဲ့ဈေးဝယ် ၁၅၀၀ လောက်ကို အရေးယူထားတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဖို့အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ကနဦးကာလမှာ နှာခေါင်းစည်းတွေ အခမဲ့လိုက်လံ လှူဒါန်းတာ၊ ဈေးသက်သက်သာသာနဲ့ ရောင်းချတာတွေ၊ အသိပညာပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

အသိပညာပေး ကာလ နောက်ပိုင်းမှာ ဈေးတွေအတွင်း နှာခေါင်းစည်း မတပ်ဆင်သူတွေကို နှာခေါင်းစည်း ဝယ်ယူစေတဲ့နည်းနဲ့ ပြစ်ဒဏ်သတ်မှတ် အရေးယူခဲ့တာဖြစ်ပြီး ဒီလို ဝယ်ယူရာက ရရှိလာတဲ့ ငွေ‌တန်ဖိုး အားလုံးကိုလည်း အစိုးရဘဏ္ဍာငွေစာရင်းထဲမှာ ပေးသွင်းပြီးဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။ 

"မေလ ၁၆ ရက်နေ့ကစပြီး စနစ်တကျ နှာခေါင်းစည်း မတပ်တဲ့လူတွေဆိုလို့ရှိရင် နှာခေါင်းစည်းနှစ်ခုကို ကျပ်ငါးထောင်နှုန်းနဲ့ ဝယ်ယူစေခဲ့ပါတယ်။ မေ ၁၆ ကနေ ဇွန်လ ၂၀ ရက်နေ့အထိ ဈေးသည်ပေါင်း ၂၃၁ ဦး၊ ဈေးသည်ပေါင်း ၁၇၂ ဦး၊ စုစုပေါင်း ၄၀၃ဦးကို ဝယ်ယူတပ်ဆင်စေခဲ့ပါတယ်။ ဒဏ်ရိုက်တဲ့ သဘောမျိုး တစ်ထောင်နဲ့ ငါးထောင်နဲ့ ဝယ်ယူတပ်ဆင်စေတဲ့နောက်ပိုင်းမှာ အားလုံးပေါင်း ၁၄၁၈ ဦးကို ဝယ်ယူတပ်ဆင်စေခဲ့ပြီး ဖြစ်ပါတယ်။”

စည်ပင်ဈေးတွေအပြင် ‌ပျံကျဈေးတွေမှာလည်း နှာခေါင်းစည်းတွေ စနစ်တကျ တပ်ဆင်ကြဖို့ အသိ‌ပညာပေးတာ၊ နှာခေါင်းစည်း အခမဲ့ပေးဝေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

“အရေးယူတာတွေ လုပ်ပါတယ်။ အဲ့တော့ သိပ်ပြီးတော့ ပြောသလောက်ကြီးတော့ မရှိဘူး၊ ဈေးတစ်ဝိုက်နဲ့ ဈေးထဲမှာကတော့ လိုက်နာတယ်။ အပြင်ရောက်မှ တစ်ခါတ‌စ်လေ ဖြုတ်တာမျိုး မတပ်တာမျိုးရှိနိုင်ပါတယ်" လို့ ဦးကျော်ဆန်းမြင့်က ပြောပါတယ်။

နှာခေါင်းစည်း မတပ်သူတွေကို အရေးယူကာစတုန်းက အတော်များများကို အရေးယူခဲ့တာကြောင့် ပြည်သူလူထုက လိုက်နာလာခဲ့ကြပေမယ့် နောက်ပိုင်းမှာ လိုက်နာမှု လျော့ရဲလာတာကြောင့် ဈေးတွေအတွင်း အသံချဲ့စက်နဲ့ အသိပေးတာ၊ အသိပညာပေး ဗီနိုင်းတွေ ကပ်ထားတာ၊ ဈေးအဝင်ဝတွေမှာ လက်ဆေးဆပ်ပြာနဲ့ လက်ဆေးကန်တွေ ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ 

လတ်တလောမှာတော့ ဈေးတွေတင်မက သွားလာလှုပ်ရှားနေကြသူတွေပါ နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်မှု အလွန်အားနည်းလာတာကိုလည်း တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013