DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းတွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
DVB
·
April 13, 2020
မန္တလေးတိုင်းတွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Donate to DVB

ဈေးရောင်းသူနဲ့ ဝယ်ယူသူတွေအနေနဲ့ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ဖို့ အမိန့်ထုတ်ထားပြီး နှာခေါင်းစည်းတွေလည်း အခမဲ့ ဖြန့်ဝေပေးနေတယ်လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဆိုပါတယ်။

ဈေးရောင်းသူတွေ မတပ်ဆင်ရင် ဈေးရောင်းချခွင့်ရပ်မှာဖြစ်ပြီး ဈေးလာဝယ်သူတွေ တပ်မလာရင်လည်း ဈေးထဲကို ဝင်ခွင့်မပေးဘူးလို့ မြို့တော်ဝန်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ဖော်ပြထားပါတယ်။

မြို့တော်စည်ပင်၊ တိုင်းစည်ပင်၊ ကလျာဏမိတ္တအဖွဲ့ ၊ ဝမ်းတွင်းမြို့စက်ချုပ်လုပ်ငန်းတွေ ပူးပေါင်းပြီး ပြန်လည်လျှော်ဖွပ်သုံးနိုင်တဲ့ အလွှာ ၃ ခုပါ အထည်နှာခေါင်းစည်းတွေကို ပြည်သူတွေ မဖြစ်မနေလာရောက်ရတဲ့ စည်ပင်ဈေးတွေမှာ အခမဲ့ ဖြန့်ဝေပေးထားပြီး  ရေနီမြောင်းဈေး၊ ကျော်ကျော်အောင်ဈေး၊ မနေယမံဈေး၊ ၃၂ လမ်းဈေး စတဲ့ လမ်းဘေးပျံကျဈေးတွေကိုတော့ ဒီနေ့ညနေကနေ စဝေမယ်လို့ ဆိုပါတယ်။

ပြီးတော့ မန္တလေးတိုင်းထဲက မိုးကုတ်၊ ကျောက်ပန်းတောင်း၊ သာစည်၊ ဝမ်းတွင်း၊ မတ္တရာ၊ မိတ္ထီလာ၊ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ ပုသိမ်ကြီး၊ တံတားဦး၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ပြင်ဦးလွင် မြို့နယ် ၁၄ ခုကို အခု ၅၀၀ စီ ပေးဝေထားပြီး ကျန်တဲ့မြို့နယ်တွေကိုလည်း ဆက်ဝေပေးမယ်လို့ ဆိုပါတယ်။

ပြည်သူတွေ ရိက္ခ မပြတ်စေချင်လို့ စားသောက်ကုန်နဲ့ပတ်သက်တဲ့ ဈေးဆိုင်တွေကို ဆက်လက်ခွင့်ပြုထားတာဖြစ်ပြီး လူစုလူဝေးကြောင့်တော့ COVID-19 ရောဂါ ဖြန့်ဖြူးရာ နေရာဖြစ်မလာဖို့လည်း အထူးအရေးကြီးတယ်လို့ မြို့တော်ဝန်က ရေးသားထားပါတယ်။

ဒါကြောင့် ဈေးတွေမှာ Social Distancing ၃ ပေကနေ ၆ ပေ ခွာဖို့၊ နှာခေါင်းစည်းတပ်ကြဖို့နဲ့ လက်ဆေးဖို့ နေရာနဲ့ ရေမလိုလက်ဆေးရည်တွေ ပေးထားတယ်လို့ ဆိုပါတယ်။

လက်နဲ့ချုပ်ရတာနဲ့ လျှော်ပြီး မီးပူတိုက်ပြီးမှ ထုပ်ပိုးရလို့ ထုတ်လုပ်မှုအပိုင်းမှာ ကန့်သတ်ချက် ရှိနေပေမယ့်လည်း ပိုပြီးထုတ်လုပ်နိုင်အောင် သင်္ကြန်ရက်ထဲမှာလည်း နားရက်မယူဘဲ ကြိုးစား ထုတ်လုပ်နေပြီး သင်္ကြန်အပြီး နှာခေါင်းစည်း အလုံအလောက် ရလာရင်တော့ မဖြစ်မနေ အိမ်ပြင်ထွက်ဖို့လိုသူအားလုံးကို နှာခေါင်းစည်း တပ်ဆင်ခိုင်းမှာ ဖြစ်သလို ဝယ်ဖို့ မတတ်နိုင်သူတွေကိုလည်း အခမဲ့ပေးဝေသွားမယ်လို့ ဆိုပါတယ်။

ဒီအတွက် အထည်ချုပ်စက်ရုံအားလုံးကိုလည်း ပူးပေါင်းပါဝင်ကြဖို့ မြို့တော်ဝန်က ဖိတ်ခေါ်ထားပါတယ်။

Photo : မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013