DVB Logo
Home
မြန်မာသတင်း
ကျောင်းကုန်းမြို့တွင် နှာခေါင်းစည်း Mask အခုရေ ၂၀၀၀ ကျော် အခမဲ့ဖြန့်ဝေ
DVB
·
August 25, 2020
ကျောင်းကုန်းမြို့တွင် နှာခေါင်းစည်း Mask အခုရေ ၂၀၀၀ ကျော် အခမဲ့ဖြန့်ဝေ
1 / 5
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့ လူစည်ကားရာနေရာဖြစ်တဲ့ မြို့မဈေးကြီးအနီးမှာ သြဂုတ် ၂၃ ရက် မနက်ပိုင်းက နှာခေါင်းစည်း Mask အခုရေ ၂၀၀၀အခမဲ့ ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများပြားလာပြီးနောက် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းဟာ နယ်နိမိတ်ခြင်းထိစပ်နေလို့ ဂိတ်တွေမှာ စစ်ဆေးတာတွေပြုလုပ်လာပြီး Mask စျေးတွေ မြင့်တက်လာခဲ့လို့  ပြည်သူတွေ အဆင်ပြေပြေ တပ်နိုင်ဖို့အတွက် ခုလို့ပေးဝေတာဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

"တတ်နိုင်သမျှ နေအိမ်ပြင်ပမထွက်ဖို့၊ လူစုလူဝေးဖြစ်နိုင်မယ့်နေရာတွေ မသွားဖို့နဲ့ မဖြစ်မနေ အပြင်ထွက်ပါက Mask တပ်ဖို့၊ ပြင်ပမှ ပြန်လာပြီးတိုင်း လက်ကိုစက္ကန့် ၂၀ ကြာဆပ်ပြာနဲ့ ဆေးကြောဖို့၊ ပြည်သူတွေ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့ကိုလည်း နှာခေါင်းစည်းဝေစဉ် ကြေညာပေးခဲ့ပါတယ်"လို့ ပြောပါတယ်။

အခုရက်ပိုင်း ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြန်ဆန်လာပြီး ပြည်သူတွေ စိုးရိမ်ထိတ်လန့်တာတွေ ဖြစ်ပေါ်နေတဲ့အတွက် မိမိတို့နေအိမ်ပြင်ပထွက်ပါက Mask နှာခေါင်းစည်း တပ်ဆင်ပြီးမှသွားလာကြဖို့နဲ့ နှာခေါင်းစည်း မတပ်သူတွေကို ဒဏ်ရိုက်ပြီး သတိပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ နေအိမ်ပြင်ပ သွားလာရာမှာ နှာခေါင်းစည်းတွေ တပ်ဆင်သွားလာ နိုင်ရေးအတွက် မြို့နယ်  ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက နှာခေါင်းစည်းတွေ ဖြန့်ဝေပေးခဲ့တာဖြစ်ပါတယ်။

ဧရာဝတီတိုင်းမှာ Mask အခုရေ ၅၀ ပါ ၁ ဘူးကို အရင်က ကျပ် ၂၅၀၀၊ ၃၀၀၀ ထောင်သာ ရောင်းစျေးရှိခဲ့ရာက ရခိုင်ပြည်နယ်မှာရောဂါပိုးတွေ့ရှိသူများလာတဲ့ နောက်ပိုင်း အခု ၅၀ ပါ ၁ ဘူးကို ဒေသအလိုက် ကျပ် ၅၀၀၀ ကနေ ၇၀၀၀ အထိ ရောင်းချတာတွေရှိနေပြီး လက်ရှိချိန်မှာတော့ ပစ္စည်းတွေပြတ်နေတယ်လို့ သိရပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ဝင်းကြိုင်(ကျောင်းကုန်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013