DVB Logo
Home
မြန်မာသတင်း
အိန္ဒိယကပြန်လာသည့် တွန်းဇံမြို့နယ်နေ ၆ နှစ်အရွယ် ကလေးငယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
July 9, 2020
အိန္ဒိယကပြန်လာသည့် တွန်းဇံမြို့နယ်နေ ၆ နှစ်အရွယ် ကလေးငယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Donate to DVB

 အိန္ဒိယနိုင်ငံက ပြန်လာတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်နေ အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

ဇူလိုင် ၈ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၂၈၅ ခုအား စစ်ဆေးခဲ့တာပါ။

လူနာသစ် အမှတ် ၃၁၈ ဟာ အိန္ဒိယက ပြန်လာပြီးနောက် တွန်းဇံမြို့နယ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်နေတာဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိဘူးလို့ ဆိုပါတယ်။ ကလေးငယ် (ကျား) ကို တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူစေမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မနေ့ညက ပထမအသုတ် ဓာတ်ခွဲနမူနာ  ၁,၄၀၃ ခုအား စစ်ဆေးရာမှာတော့ ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်နေ အင်္ဂလန်နိုင်ငံက ပြန်လာတဲ့ အမျိုးသား ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။

အင်္ဂလန်က ပြန်လာတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသား လူနာအမှတ် ၃၁၇ ဟာ မရမ်းကုန်းမြိုနယ်မှာ အသွားအလာကန့်သတ်ထားသူဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။ သူ့ကို တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ် ၁၉ အတည်ပြုလူနာ ၃၁၈ ဦး၊ သေဆုံးသူ ၆ ဦး၊ လူနာအမှတ် ၂၂၁, ၂၅၂, ၂၆၇,၂၈၃ နဲ့ ၂၈၆ တို့မှာ နှစ်ကြိမ်ဆက် ရောဂါပိုး မတွေ့တာကြောင့် ရောဂါပိုးကင်းစင်လာသူ ၂၅၀ ဦး၊ အဲဒီထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၃၃ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၄၆ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ သန်းကျော်၊ သေဆုံးသူ ၅၅၀,၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၇ သန်းကျော်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013