DVB Logo
Home
မြန်မာသတင်း
အင်္ဂလန်က ပြန်လာသည့် အမျိုးသား ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
DVB
·
July 8, 2020
အင်္ဂလန်က ပြန်လာသည့် အမျိုးသား ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
Donate to DVB

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်နေ အင်္ဂလန်နိုင်ငံက ပြန်လာတဲ့ အမျိုးသား ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီထုတ်ပြန်ပါတယ်။

ဇူလိုင် ၈ ရက်နေ့အတွက် ပထမသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၆၅၅ ခု၊ ဆေးသုတေသနဦးစီးဌာနက ၁၈၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၂၁၆ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၁၈၈ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) က ဓာတ်ခွဲနမူနာအခု ၁၆၀၊ စုစုပေါင်း ၁,၄၀၃ ခုအား ဒီနေ့ည စစ်ဆေးပြီးစီးခဲ့တာပါ။

အင်္ဂလန်က ပြန်လာတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသား လူနာအမှတ် ၃၁၇ ဟာ မရမ်းကုန်းမြိုနယ်မှာ အသွားအလာကန့်သတ်ထားသူဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။ သူ့ကို တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ် ၁၉ အတည်ပြုလူနာ ၃၁၇ ဦး၊ သေဆုံးသူ ၆ ဦး၊ လူနာအမှတ် ၂၂၁, ၂၅၂, ၂၆၇,၂၈၃ နဲ့ ၂၈၆ တို့မှာ နှစ်ကြိမ်ဆက် ရောဂါပိုး မတွေ့တာကြောင့် ရောဂါပိုးကင်းစင်လာသူ ၂၅၀ ဦး၊ အဲဒီထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၃၃ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၄၆ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013