DVB Logo
Home
မြန်မာသတင်း
ဆိပ်ဖြူတွင် ဒေသခံအစုအဖွဲ့ပိုင် သစ်တောဧက ၁၃၀၀ တွင် လျော်ဖြူအများဆုံး စိုက်ပျိုး
DVB
·
July 7, 2020
ဆိပ်ဖြူတွင် ဒေသခံအစုအဖွဲ့ပိုင် သစ်တောဧက ၁၃၀၀ တွင် လျော်ဖြူအများဆုံး စိုက်ပျိုး
Donate to DVB

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကြိုးပြင်ကာကွယ်တောတွေမှာ ဒေသခံပြည်သူ အစုအဖွဲ့ ပိုင်သစ်တော ၁၃၀၀ ဧကကို လျှော်ဖြူအများဆုံးစိုက်ပျိုးထားကြောင်း ဆိပ်ဖြူသစ်တော ဦးစီးဌာနက ပြောပါတယ်။

ဒေသခံ အစုအဖွဲ့ ၁၀ ဖွဲ့ကို အစုအဖွဲ့ပိုင် သစ်တော ဧက ၁၂၈၄ ဒသမ ၀၂ ဧကကို လုပ်ကိုင်ခွင့် ခွင့်ပြုချထားပေးပြီး လျော်ဖြူပင်စုစုပေါင်း ၂ သိန်းလောက် စိုက်ပျိုးထားတယ်လို့ ဆိပ်မြို့နယ် သစ်တောဦးစီးမှူး ဦးထက်လင်းက ပြောပါတယ်။

ဆိပ်ဖြူ သစ်တောဦးစီးဌာနမှ လူမှုစီးပွားအထောက်အကူပြုဖို့ ၂၀၀၄ ခုနှစ် နဲ့ ၂၀၁၇ ခုနှစ်တို့မှာ မြေလွတ်မြေလပ်နေရာနှစ်ခုကို အစုအဖွဲ့ပိုင် သစ်တောနှစ်ခု လုပ်ကိုင်ခွင့် စတင်ခွင့်ပြုခဲ့တယ်လို့ သစ်တောဦးစီးမှူး ဦးထက်လင်းက ပြောပါတယ်။

“ဒီနှစ်ဖွဲ့က ထူးထူးခြားခြား သစ်တောမြေမဟုတ်ဘူး။ ဆူးလေကုန်နဲ့ ရွာသစ်ကြီးက သူတို့က ကျေးရွာမြေလွတ်မြေလပ်မှာ လျှောက်ထားတာပါ။ စုစုပေါင်း အစုအဖွဲ့ပိုင် သစ်တောလုပ်ကိုင်ခွင့် ၁၀ ဖွဲ့ မှာ ကျန် ၈ ဖွဲ့က သစ်တောမြေထည်မှာပါ။”

ဆူးလေကုန်းကျေးရွာ ဒေသခံပြည်သူ ၁၃၁ ဦးကို အဲဒီကျေးရွာအနီးရှိ မြေလွတ်မြေလပ်နေရာမှာ မြေဧက ၅၀ ကို ၂၀၀၃၊ ၂၀၀၄ ခုနှစ်က စတင်ကာ အစုအဖွဲ့ပိုင်သစ်တောအဖြစ် လုပ်ကိုင်ခွင့် ခွင့်ပြုခဲ့ပါတယ်။

၂၀၁၆-၂၀၁၇ ခုနှစ်မှာတော့ ရွာသစ်ကြီးကျေးရွာအနီးရှိ မြေဧက ၃၀၀ မှာ ကျေးရွာဒေသခံ ၁၃၄ ဦးကို အစုအဖွဲ့ပိုင် သစ်တောအဖြစ် လုပ်ကိုင်ခွင့်ပြုခဲ့တယ်လို့ ဆိပ်ဖြူမြို့သစ်တောဦးစီးဌာန စာများအရ သိရပါတယ်။

၂၀၁၃ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ  သစ်တောဦးစီးဌာနက ကြိုးပြင်ကာကွယ်တောတွေမှာ ဒေသခံပြည်သူ အစုအဖွဲ့ ၁၀ ဖွဲ့ကို အစုအဖွဲ့ပိုင် သစ်တောအဖြစ် မြေဧက ၁၂၈၄ ဒသမ ၀၂ ဧက မှာ လျော်ဖြူပင်တွေ စိုက်ပျိုးထားကြတာပါ။

သစ်တောဦးစီးမှူး ဦးထက်လင်းက “CF (ပြည်သူ အစုအဖွဲ့ပိုင် သစ်တော) လျှောက်ချင်ရင် တကယ်လုပ်မှာဆိုရင် လာခဲ့ပေခင်ဗျာ။ ကြိုက်တဲ့နေရာလျောက် ပေးတယ်။ မြေအမျိုးအစား ကန့်သတ်ချက်က နှစ်မျိုးပဲရှိတယ်။ ထုတ်လုပ်ရေးရယ်၊ ဆည်ရေဝေကျော ကုန်းတွေပေါ်မှာ မရဘူး။ လက်ပံနဲ့ စစ်နှင့်တိုးချဲ့ကြိုးဝိုင်းတွေမှာ သစ်ထုတ်ဖို့အတွက်ကို ကျနော်တို့ဌာနက သတ်မှတ်ထားတဲ့ ကြိုးဝိုင်းအကွက်တွေရှိတယ်။ အဲဒီအကွက်တွေမှာ မရဘူး။ အဲဒီကလွဲရင် ကျန်တဲ့ဟာ အကုန်ရတယ်” လို့ ပြောပါတယ်။

သစ်တောဦးစီးဌာနပိုင် ကြိုးဝိုင်းနဲ့ ကြိုးပြင်ကာကွယ်တော မြေဧရိယာတွေမှာ တောင်ယာနှင့် ယာမြေများအဖြစ် လုပ်ကိုင်စားသောက်နေတဲ့ ဒေသခံတောင်သူတွေကို ဖယ်ရှားရှင်းလင်းခြင်းမပြုလုပ်ဘဲ သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးပြီး ဒေသခံ ပြည်သူအစုအဖွဲ့ ၁၃ ဖွဲ့မှ လူဦးရေ ၁၆၁ ဦးအား ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၆ ခုနှစ်အတွင်း မြေဧက ၆၄၅ ဧက ကျော်ကို တစ်နှစ်ချင်းအလိုက်ပြည်သူ အစုအဖွဲ့ပိုင် သစ်တောအဖြစ် လုပ်ကိုင်ခွင့် ချပေးသွားဖို့ အစီအစဉ် လျာထားဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013