DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၁,၆၅၄ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် ၃ ဦး တွေ့ရှိ
DVB
·
July 7, 2020
ဓာတ်ခွဲနမူနာ ၁,၆၅၄ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် ၃ ဦး တွေ့ရှိ
Donate to DVB

ဇူလိုင် ၆ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁,၆၅၄ ခုအား နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃ ဦး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲ နမူနာ ၈၄၆ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၂၈၂ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၁၂၈ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် ၁,၀၀၀ က ဓာတ်ခွဲနမူနာ ၃၉၈ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၆၅၄) ခုအား စစ်ဆေးခဲ့တာပါ။

လူနာသစ် အမှတ် ၃၁၄၊ ၃၁၅ နဲ့ ၃၁၆ တို့ဟာ တာမွေ၊ တောင်ဒဂုံနဲ့ စမ်းချောင်းမြို့နေ ယူအေအီးနိုင်ငံက ပြန်လာတဲ့သူတွေဖြစ်ပြီး အသွားအလာကန့်သတ်ထားသူတွေ ဖြစ်ပါတယ်။ သူတို့ ၃ ဦးကို တောင်ဉက္ကလာပ အထူးကုဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၁၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်သူ ၂၄၅ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၂၂၈ ဦးနဲ့ စောင့်ကြည့်လူနာ အသစ် ၂၉ ဦး ရှိပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၅၄၀,၀၀၀ ကျော်နဲ့ ရောဂါပိုးကင်စင်သူ ၆.၆ သန်းကျော်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013