DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁ သိန်းခန့်ရှိ
DVB
·
July 6, 2020
၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁ သိန်းခန့်ရှိ
Donate to DVB

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွင်း  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁ သိန်းနီးပါးရှိ​ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက် ၂ သိန်းနီးပါး တိုးလာတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

၂၀၁၉ ဇွန်လက စတင်ပြီး ၂၀၂၀ ဇွန်လအထိ ကောက်ခံထားရရှိထားတဲ့ အချက်အလက်တွေ အရ မဲပေးပိုင်ခွင့်ရှိသူ ၁၁ သိန်းနီးပါးရှိပြီး စာရင်းတွေကို စိစစ်နေဆဲလို့ ဆိုပါတယ်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးမောင်မောင်နိုင်က “၂၀၁၅ ခုနှစ်ရွေးကောက်ပွဲထက် မဲဆန္ဒရှင်ပြည်သူ ၂ သိန်းနီးပါးတိုးလာတယ်။ EAO (လက်နက်ကိုင်) နယ်မြေ ၂၀၀ ကျော် တိုးလာတာပါတယ်။ စာရင်းတွေ စိစစ်နေတုန်းပဲ”လို့ ပြောပါတယ်။

၂၀၁၀-၂၀၁၅ ရွေးကောက်ပွဲတုန်းက မသမာမှုတွေရှိခဲ့တဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ ကင်းကင်းရှင်းရှင်းဖြစ်စေချင်တယ်လို့ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ဆိုပါတယ်။

“၂၀၁၀-၂၀၁၅ ရွေးကောက်ပွဲ ဖြတ်သန်းခဲ့တဲ့ အခြေအနေအရ ကြိုတင်မဲတို့၊ တပ်မဲတို့နောက် ဒီပြင် မသမာမှုတွေ ရှိခဲ့တယ်။ ဒီတစ်ခေါက်မှာတော့ ကင်းကင်းရှင်းရှင်းလေး ဖြစ်စေချင်တယ်” လို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေအတွင်း ဖွင့်လှစ်ခွင့်ရရှိတဲ့ မဲရုံတွေအပါအဝင် မဲရုံပေါင်း ၈၅၀ ကျော်ရှိပြီး ၂၀၁၅ ခုနှစ်ထက် တပ်မဲရုံအပါအဝင် မဲရုံပေါင်း ၂၀၀ ကျော်တိုးလာခဲ့တာပါ။

တပ်မဲရုံပေါင်း ၅၀ တိုးလာပေမယ့် မဲပေးပိုင်ခွင့်ရှိသူ စာရင်းကတော့ ဒီကနေ့အထိ မသိရသေးဘူးလို့ ပြည်နယ်‌ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။

၂၀၁၅ ခုနှစ်က ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်ပေါင်း ၂၆၁ ဦးရှိခဲ့ပြီး ၂၀၂၀ ခုနှစ်အတွက် ကိုယ်စားလှယ်လောင်း စာရင်းတင်ပြလာတာ မရှိသေးဘူးလို့ တာဝန်ရှိသူက ပြောပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စု ကောင်းကျိုး ဆောင်ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)ပါတီတွေ ကရင်ပြည်နယ်အတွင်း ဝင်ရောက်ယှဥ်ပြိုင်ကြမှာပါ။

ရဲမင်းခေါင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013