DVB Logo
Home
မြန်မာသတင်း
မြေပုံမြို့နယ် စစ်ဘေးရှောင်စခန်းတခု ရေနစ်မြုပ်၊ လူ ၄၀၀ ကျော် ဘေးလွတ်ရာပြောင်းရွှေ့ 
DVB
·
July 6, 2020
မြေပုံမြို့နယ် စစ်ဘေးရှောင်စခန်းတခု ရေနစ်မြုပ်၊ လူ ၄၀၀ ကျော် ဘေးလွတ်ရာပြောင်းရွှေ့ 
Donate to DVB

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရက်ချောင်း လေးတောင်ကျေးရွာကြားအတွင်း တည်ဆောက် ထားတဲ့ စစ်ဘေးရှောင်ဒုက္ခသည်စခန်း ရေနစ်မြုပ်မှုကြောင့် ဒုက္ခသည် ၄၀၀ ကျော်ဘေးလွှတ်ရာကို ဒုတိယအကြိမ် ပြောင်းရွှေ့ပေးလိုက်ရတယ်လို့ စခန်းတာဝန်ရှိသူတွေက ဒီဗွီဘီကိုပြောပါတယ်။

စခန်းတာဝန်ခံ မြတန်းဆောင်ဆရာတော် ဦးနန္ဒသာရက  “ဟိုတရက်နေ့ကလည်း မိုးပြင်းပြင်းထန်ထန်ရွာတယ်။ မနေ့ညကမိုးအရမ်း ရွာတယ်။ မိုးအရမ်းရွာတော့ တောင်ကျရေတွေ၊ ချောင်းကလည်း ဒီရေတက်လာတယ်။ အဲ့ဒီမှာ ဒုက္ခသည်စခန်းတွေ၊ ရွာတွေ နစ်မြုပ် သွားတာ၊ ရေကျမသွားဘဲနဲ့ ည ၁၁ နာရီအအထိ တဖြည်းဖြည်တက်လာတယ်။ အရင်ဆုံး ကလေးတွေကို ပြောင်းရွှေ့ရတယ်။ ပြီးတော့ သက်ကြီးအိုတွေပြောင်းရတယ်။ ကိုယ်ဝန်ဆောင်တွေ၊ မနာကျန်း သူတွေကို ပြောင်းရွှေ့လိုက်တယ်။ ဒီလိုမိုးသည်းထန်စွာရွာမှုနဲ့ တောင်ကျချောင်းရေတွေဟာ ဇူလိုင် ၅ ရက်နေ့ နေ့လယ်ပိုင်းကနေ့ ဒီကနေ့ မနက်ပိုင်းအထိ ရေတက်နေတုန်းဖြစ်ပြီး ဒုက္ခသည်တွေနဲ့ စားနပ်ရိက္ခာတွေကိုတော့ ရက်ချောင်းကျေးရွာနဲ့၊ လေးတောင်ကျေးရွာကိုပြောင်းရွှေ့ထားရတယ်” လို့ ဒီဗွီဘီကို မိန့်ပါတယ်။

အဲဒီဒုက္ခသည်စခန်းဟာ မြေပုံမြို့နဲ့ မိုင် ၃၀ လောက်ကွားဝေးပြီး ကျေးရွာတွေကို ရေလမ်းကြောင်းတစ်ခုသာ အားကိုးသွားနေရတဲ့ စစ်ဘေးရှောင်းဒုက္ခသည်စခန်းတခုလည်း ဖြစ်တယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုပါတယ်။

အဲ့ဒီစစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၁၁၈ စု နဲ့ လူဦးရေ ၄၅၁ ဦး ရှိတယ်လို့ သိရပြီး အခုရေးကြီးတာကြောင့် စားနပ်ရိက္ခာအချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ကိုမျိုးထွန်းက ပြောပါတယ်။

“တချို့ လူကယ်ပြင်က ထောက်ပံ့ထားတဲ စားနပ်ရိက္ခာ တွေ၊ ပြည်တွင်းအလှူရှင်တွေဆီက ထောက်ပံ့ထားတဲ့ ဆန်ရိက္ခာတွေရေနစ်မြုပ်ပြီးပါသွားတယ်။ ရုတ်တရက်ရေက ကြီးလာတော့ အဲ့ဒီပစ္စည်းတွေသယ်ဖို့ အချိန်မရလိုက်ဘူး။ ကလေးတွေက လူကြီးတွေကိုပဲ အရင်ဆုံး နီးစပ်ရာကို ပို့ဆောင်ပေးရတယ်။ စခန်းတွေအားလုံးနီးပါး ရေနစ်မြုပ်ကုန်တယ်။” 

အဲဒီစစ်ဘေးရှောင်းဒုက္ခသည်စခန်းမှာ မိုးသည်းစွာရွားသွန်းမှုနဲ့ တောင်ကျရေကြောင့် ရေ ၄ ပေခွဲလောက်တက်နေပြီး ရက်ချောင်း ကျေးရွာနဲ့ လေးတောင်ကျေးရွာတွေမှာတော့ ရေ ၃ ပေခွဲလောက်တက်နေကာ ဒုက္ခသည်တွေနေထိုင်ဖို့ ယာယီအဆောက်အအုံတွေ အရေးပေါ် လိုနေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ ညပိုင်းကလည်း မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေနဲ့ တောင်ကျရေကြောင့် အဲဒီဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်တွေကို ပထမကြိမ် ပြောင်းရွှေ့ပေးခဲ့ရပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013