DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူ ၉၅၈ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ ပိုးကင်းစင်သူ ၂၄၁ ဦး ရှိပြီ
DVB
·
July 6, 2020
ဓာတ်ခွဲနမူ ၉၅၈ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ ပိုးကင်းစင်သူ ၂၄၁ ဦး ရှိပြီ
Donate to DVB

ဇူလိုင် ၅ ရက်နေ့အတွက် ဓာတ်ခွဲနမူ ၉၅၈ ခုအား နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ်မတွေ့ရဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၆၉၆ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၁၀၀ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၁၆၂ ခု၊ စုစုပေါင်း ၉၅၈ ခုအား စစ်ဆေးခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၁၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၄၁ ဦး၊ စောင့်ကြည့်လူနာအသစ် ၂၂ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၂၂၆ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၅၃၀,၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၆.၅ သန်းကျော်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013