DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာအမှတ် ၂၅၀ ဆေးရုံက ဆင်းခွင့်ရ
DVB
·
July 5, 2020
ကိုဗစ်-၁၉ လူနာအမှတ် ၂၅၀ ဆေးရုံက ဆင်းခွင့်ရ
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ပြည်သူ့ဆေးရုံမှာ ကုသပေးနေတဲ့ ကိုဗစ်-၁၉ လူနာအမှတ် ၂၅၀ ကို ဒုတိယအကြိမ်စစ်ဆေးရာမှာ ရောဂါပိုး မတွေ့ရလို့ ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီး Facility Quarantine ၇ ရက် စောင့်ကြည့်နေတယ်လို့ ဘူးသီးတောင် ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက DVB ကို ပြောပါတယ်။

“လူနာအမှတ် ၂၅၀ ကို စစ်ဆေးရာမှာ Negative double ဖြစ်တဲ့အတွက် ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီး Facility Quarantine ၇ ရက် စောင့်ကြည့်ထားပါတယ်။ သူနဲ့ထိတွေ့ခဲ့တဲ့ မိသားစုဝင်အားလုံးလည်း နှစ်ကြိမ်လုံး Negative ဖြစ်ပါတယ်။”

ကိုဗစ်-၁၉ လူနာအမှတ် ၂၅၀ အမျိုးသားဟာ ဘင်္ဂလားဒေ့ရှ် တက္ကနပ်မြို့မှာရှိတဲ့ ဇာတီမူရ ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ရာက ရောဂါပိုး ကူးစက်ခံခဲ့ရတာဖြစ်ပြီး အဖော် ၂ ဦးနဲ့အတူ မောင်တောမြို့နယ်မြောက်ပိုင်းကတဆင့် ဘူးသီးတောင်မြို့ကို ဇွန် ၄ ရက်နေ့မှာ တရားမဝင် ရောက်လာခဲ့တာပါ။ 

လူနာအမှတ် ၂၅၀ ဟာ ဘူးသီးတောင်မြို့နယ်၊ ကျောက်လှပြင်ကျေးရွာကဖြစ်ပြီး သူနဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင်တွေအားလုံးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ပတ်တွေကို ဓာတ်ခွဲ စစ်ဆေးရာမှာ ၂ ကြိမ်လုံး Negative ပြတဲ့အတွက် အားလုံး အသွားအလာ ကန့်သတ်မှုမရှိတော့ဘူးလို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မောင်တောမှာ ၅ ဦး၊ ဘူးသီးတောင်မှာ ၄ ဦး၊ သံတွဲမှာ ၁ ဦးနဲ့ တောင်ကုတ်မှာ ၁ ဦး၊ စစ်တွေမြို့မှာ ၁ ဦး၊ စုစုပေါင်း ၁၂ ဦး ရှိပါတယ်။ 

သံတွဲမြို့က ၁ ဦး၊ တောင်ကုတ်မြို့က ၁ ဦး၊ မောင်တောမြို့က ၃ ဦးနဲ့ ဘူးသီးတောင်မြို့က ၁ ဦးတို့မှာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တော့တာကြောင့် ဆေးရုံဆင်းခွင့် ရရှိသွားခဲ့ပြီး လက်ရှိမှာ ၆ ဦးသာ ကျန်တော့တယ်လို့ သိရပါတယ်။

လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013