
စပိန်အသင်းဟာ ဩဂုတ် ၁၅ ရက် က စည်းချက်ကျ ကျွမ်းဘားအက အဖွဲ့လိုက် All-Around ကမ္ဘာ့ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။
စပိန်အဖွဲ့ဟာ လက်ရှိချန်ပီယံ ဂျပန်အသင်းကို ကျော်ဖြတ်ကာ Los Angeles 2028 အိုလံပစ်ပြိုင်ပွဲအတွက် အဖွဲ့လိုက်ပြိုင်ပွဲ ဝင်ခွင့်တနေရာကိုလည်း ရယူနိုင်ခဲ့ပါတယ်။
စပိန်က ရွှေတံဆိပ်၊ ဂျပန်က ငွေတံဆိပ်နဲ့ ဘရာဇီးက ကြေးတံဆိပ် ရရှိခဲ့ကြတာပါ။
စပိန်အသင်းဟာ ပြိုင်ပွဲတလျှောက် ဦးဆောင်နိုင်ခဲ့ပြီး ဘောလုံး ၅ လုံး အစီအစဉ်မှာ ၂၈.၅၀၀ မှတ်နဲ့ ဟူးပ်နဲ့ ကလပ်ပေါင်းစပ်အစီအစဉ်မှာ ၂၈.၉၅၀ မှတ် ရရှိခဲ့ပါတယ်။
ထိပ်ဆုံး ၃ နေရာ ရရှိခဲ့တာကြောင့် စပိန်၊ ဂျပန်နဲ့ ဘရာဇီးတို့ရဲ့ အမျိုးသားအိုလံပစ်ကော်မတီ အသီးသီးဟာ LA28 အိုလံပစ်ပြိုင်ပွဲ အဖွဲ့လိုက်ပြိုင်ပွဲအတွက် ဝင်ခွင့်တနေရာစီ ရရှိသွားခဲ့ပါတယ်။











