DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာအမှတ် ၂၉၂ ကို ဒုတိယအကြိမ် စစ်ဆေးရာတွင် ရောဂါပိုးမတွေ့
DVB
·
July 4, 2020
ကိုဗစ်-၁၉ လူနာအမှတ် ၂၉၂ ကို ဒုတိယအကြိမ် စစ်ဆေးရာတွင် ရောဂါပိုးမတွေ့
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ပထမဆုံး ကိုဗစ်-၁၉ လူနာအမှတ် ၂၉၂ ရဲ့ ဓာတ်ခွဲနမူနာကို ဒုတိအကြိမ်စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိဘူးလို့ သိရပါတယ်။

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က  "ပိုးတွေလူနာတွေကို စစ်တဲ့အခါမှာ ပထမတစ်ကြိမ် ပိုးတွေ့ပြီး ၁၄ ရက်အကြာမှာ ဒုတိယအကြိမ်စစ်ရတယ်။ ဒုတိ ယအကြိမ်စစ်တာမှာ ပိုးမတွေ့တောဘူး။ အဲဒီလို ဒုတိယအကြိမ်စစ်ဆေးလို့ ၂၄ နာရီအတွင်းမှာ တတိယအကြိမ်စစ်ဆေးရမှာဖြစ်တယ်။ လူနာကို ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့မှသာ ဆေးရုံကဆင်းခွင့်ပြုမှာဖြစ်တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

လူနာအမှတ် ၂၉၂ နဲ့ ထိတွေ့ခဲ့သူများဖြစ်တဲ့ လှေသမ္မာန်သမား ၈ ဦး၊ ဟိုတယ်န်ထမ်း ၄ ဦး၊ စက်လှေသမား ၁ ဦး၊ ဆိုင်ကယ်ကယ်ရီသမား ၁ ဦးနဲ့ ကျန်းမာရေးဝန်ထမ်း ၂ ဦး၊ စုစုပေါင်း ၁၆ ဦးအား ပထမ ဆုံးအကြိမ် စစ်ဆေးရာမှာလည်း အားလုံး ရောဂါပိုးမတွေ့ရဘဲ ဒုတိယအကြိမ်စစ်ဆေးမယ်လို့ ဒေါက်တာကြည်ကြည်သာကပြောဆိုထားပါတယ်။

ကိုဗစ်-၁၉ လူနာအမှတ် ၂၉၂ ဟာ ဘင်္ဂလားဒေ့ရှိနိုင်ငံကို ပြီးခဲ့တဲ့အပတ်က ကုန်သွယ်မှုကိစ္စနဲ့ သွားရောက်ခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့မှာ စစ်တွေမြို့ကို ရောက်ရှိလာပြီး နေထိုင်မကောင်းတဲ့အတွက် မိသားစုထံမသွားဘဲ့ ကျန်းမာရေးဌာနကိုအကြောင်းကြားပြီး ဇွန်လ ၂၁ ရက်နေ့က စစ်တွေမြို့ကမ်းနားလမ်းရှိ ဟိုတယ်တခုမှာ နေထိုင်နေခဲ့သူ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မောင်တောမှာ ၅ ဦး၊ ဘူးသီးတောင်မှာ ၄ ဦး၊ သံတွဲမှာ ၁ ဦး၊ တောင်ကုတ်မှာ ၁ ဦး၊ စစ်တွေမြို့မှာ ၁ ဦး စုစုပေါင်း ၁၂ ဦးရှိတဲ့အထဲက သံတွဲ၊ တောင်ကုတ်မြို့နဲ့ မောင်တောမြို့က ၃ ဦး စုစုပေါင်း ၅ ဦး  နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့တောတာ့ကြောင့် ဆေးရုံမှဆင်းသွားပြီလို့ သိရပါတယ်။

လင်းလက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013